ကိုလံဘီယာ ရေတပ်ဟာ တဝက်တပျက် ရေငုပ်နိုင်တဲ့ ရေယာဉ်ထဲမှာ ထည့်သွင်း သယ်ဆောင်လာတဲ့ ကိုကင်း ၂ တန်လောက်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ အရာရှိတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ အောက်တိုဘာ ၂၈ ရက်က ဖော်ပြပါတယ်။
ကိုလံဘီယာ ကမ်းရိုးတန်းကနေ ၃၅ မိုင်အကွာ ပစိဖိတ်သမုဒ္ဒရာထဲမှာ အောက်တိုဘာ ၂၆ ရက်က စီးနင်းမှုအတွင်း ကိုလံဘီယာ အီကွေဒေါနဲ့ မက္ကဆီကို နိုင်ငံသား ၃ ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရေတပ်က ပြောပါတယ်။
ရေတပ်က ရေငုပ်သင်္ဘောနဲ့ ကိုကင်းတွေကို အီကွေဒေါနယ်စပ်အနား ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်း တူမာကို ဆိပ်ကမ်းဆီ သယ်လာခဲ့တယ်လို့ ဆိုပါတယ်။
သံသယရှိသူတွေဟာ ကိုကင်းတွေကို မက္ကဆီကိုနိုင်ငံထဲက မူးယစ်ဂိုဏ်းတွေဆီ ပို့ဖို့ စီစဉ်ထားခဲ့တာလို့ ကိုလံဘီယာ ရေတပ် အရာရှိတွေက ပြောခဲ့ပါတယ်။
4 months Ago