ကိုကင်း ၁ တန်

August 12, 2020

နာနတ်သီးကုန်သေတ္တာထဲက ကိုကင်း ၁ တန်ကျော် ကော်စတာရီကာရဲတပ်ဖွဲ့  ဖမ်းဆီးရမိ 

နာနတ်သီးတွေ သယ်လာတဲ့ ကုန်သေတ္တာအတွင်း ဝှက်သယ်လာတဲ့ ကိုကင်း ၁ တန်ကျော်ကို ကော်စတာရီကာရဲတပ်ဖွဲ့က သြဂုတ်လ ၁၀ ရက်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။     အဲဒီကုန်တင်သင်္ဘောဟာ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့ကို သွားရောက်မှာဖြစ်ပြီး အဲဒီမှာ ကိုကင်းတွေကို ရောင်းချမယ်ဆိုရင် ကာလပေါက်ဈေး ယူရိုငွေ သန်းချီရမယ်လို့ မျှော်လင့်ရပါတယ်။    ကော်စတာရီကာ အာဏာပိုင်တွေက ကုန်သင်္ဘောကို စစ်ဆေးချိန်မှာ ကိုကင်းတွေကို တွေ့ရှိခဲ့တာလို့လည်း ပြည်သူ့ရေးရာ လုံခြုံရေးဝန်ကြီးက ပြောပါတယ်။ ဒါဟာ ဒီနှစ်အတွင်း ကော်စတာရီကာ အာဏာပိုင်တွေရဲ့ ၉ ကြိမ်မြောက် ဖမ်းဆီးရမိမှုဖြစ်ပြီး အခုထိ ဖမ်းမိတဲ့ မူးယစ်ဆေး စုစုပေါင်းဟာ ၉ ဒသမ ၁ တန်ရှိတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
8 months Ago

May 13, 2020

ကုန်သေတ္တာထဲ ဝှက်ထားသည့် ကိုကင်း ၁ တန်ကျော် ကို့စ်တာရီကာ ရဲများ သိမ်းဆည်းရမိ

နာနတ်သီးဖျော်ရည်တွေ တင်လာတဲ့ ကုန်သေတ္တာထဲကနေ ဝှက်ထားတဲ့ ကိုကင်း ၁ တန်ကျော်ကို မေ ၁၂ ရက်မှာ ကို့စ်တာရီကာနိုင်ငံ ရဲတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒီကုန်သေတ္တာကို နယ်သာလန်နိုင်ငံ ရော့တာဒန်မြို့ကို ပို့ဖို့စီစဉ်ထားပြီး ကာလပေါက်ဈေး ယူရိုငွေသန်းချီ တန်ဖိုးရနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။ မူးယစ်တိုက်ဖျက်ရေးအရာရှိတွေက ကုန်သေတ္တာတွေ တသုတ် ရောက်ချိန် စစ်ဆေးနေခဲ့ကြတယ်လို့ ကို့စ်တာရီကာ ပြည်သူ့လုံခြုံရေးဝန်ကြီးက ရှင်းပြပါတယ်။ ဒါဟာ အချိန် ၆ လအတွင်း တတိယမြောက် မူးယစ်ဆေးသင်္ဘော တင်ပို့မှုကို အာဏာပိုင်တွေက သိမ်းဆည်းရမိခဲ့တာပါ။ ဖေဖော်ဝါရီ ၁၅ ရက်ကလည်း ရော့တာဒန်ဆိပ်ကမ်းကို လိပ်မူထားတဲ့ ကုန်သေတ္တာထဲမှာ ဝှက်ထားတဲ့ ကိုကင်း ၆ တန်နီးပါးကို အာဏာပိုင်တွေက သိမ်းဆည်းရမိခဲ့ပါတယ်။
11 months Ago
Up