ကိုကင်း

December 15, 2020

ကို့စ်တာရီကာ ရေပိုင်နက်တွင် ကိုကင်း ၂ တန်ကျော် ဖမ်းဆီးမိ

ကာရစ်ဘီယံပင်လယ်ထဲက ကို့စ်တာရီကာနိုင်ငံပိုင် ရေပိုင်နက်ထဲမှာ ဟွန်ဒူးရပ်စ်နိုင်ငံဆီ ပို့မယ့် ကိုကင်း ၂ တန်ကျော် တွေ့ရှိ သိမ်းဆည်းခဲ့တယ်လို့ ကို့စ်တာရီကာ အရာရှိတွေက ပြောပါတယ်။ သံသယဖြစ်ဖွယ် လှေတွေကို ပင်လယ်ထဲမှာ ဒီဇင်ဘာ ၁၂ ရက်က လိုက်ဖမ်းအပြီး ကိုကင်း ၂ ဒသမ ၇ တန်ကို သိမ်းဆည်းရမိတယ်။ သံသယရှိသူ ၈ ယောက်ကို ဖမ်းထားတယ်လို့ အဏာပိုင်တွေက ဆိုပါတယ်။ အလယ်အမေရိကနိုင်ငံ ကို့စ်တာရီကာဟာ ကိုလံဘီယာနဲ့ ပီရူးနိုင်ငံတွေလိုပဲ မူးယစ်ဆေးတွေ ကို မြောက်အမေရိကဆီ သယ်ပို့ရာ အဓိကလမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။
5 months Ago

October 21, 2020

ပါရာဂွေးရဲတပ်ဖွဲ့ ကိုကင်း ၂ ဒသမ ၃ တန် စံချိန်တင် ဖမ်းမိ

အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဝန်းကျင် တန်ဖိုးရှိပြီး မီးသွေးတွေထဲ ဝှက်သယ်လာတဲ့ ကိုကင်း ၂ ဒသမ ၃ တန်ကို စံချိန်တင်ဖမ်းဆီးရမိတယ်လို့ ပါရာဂွေး ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။  မြို့တော် အက်ဆိုစီယွန်က ၁၉ မိုင်အကွာ တယ်ပေါ့တယ်ဗီလယ်တာဆိပ်ကမ်းမှာ  ဖမ်းမိတဲ့  စုစုပေါင်း ကိုကင်းတွေဟာ ၂,၃၂၃ ကီလို ရှိတယ်လို့ စစ်ဆင်ရေးလုပ်တဲ့ မူးယစ်တိုက်ဖျက်ရေး အဖွဲ့က ပြောဆိုပါတယ်။ အစ္စရေးကိုပို့မယ့် မီးသွေးကွန်တိန်နာ ၆ လုံးထဲမှာ ကိုကင်းတွေကို ဝှက်သယ်ဆောင်လာတာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ရှင်းပြပါတယ်။ ဒီလိုတင်ပို့ရာမှာ တာဝန်ရှိသူ နှစ်ယောက်ကို ဖမ်းဆီးခဲ့ပြီး တစ်ယောက်ဟာ နိုင်ငံပိုင် ရုပ်သံလိုင်း  ညွှန်မှူးဟောင်းတစ်ယောက် ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ပါရာဂွေးနိုင်ငံအတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေထဲမှာ အခုဖမ်းဆီးရမိမှုက အများဆုံး ဖြစ်ပြီး ဥရောပနဲ့ တခြားဒေသတွေဆီ မူးယစ်ဆေး တင်ပို့ရာမှာ ပါရာဂွေးကို  ကြားခံနိုင်ငံအဖြစ် အသုံးပြုနေတယ်လို့ ရိုက်တာသတင်း အရသိရပါတယ်။
7 months Ago
More News
Up