ကိုကင်းများကို

January 18, 2018

ကိုကင်းများကို နာနာသီးထဲထည့် သယ်ဆောင်လာသူများကို ရဲဖမ်းဆီး

စပိန်နဲ့ ပေါ်တူဂီရဲတပ်ဖွဲ့တွေဟာ နာနတ်သီးတွေထဲ ကိုကင်းကီလိုဂရမ် ၇၀၀ ကျော် ထည့်သယ်လာသူ  ၉ ဦးကို ဖမ်းဆီးလိုက်ကြောင်း ဇန်န၀ါရီ ၁၇ ရက်က ပြောပါတယ်။ သူတို့ ၉ ဦးကို ကိုလံဘီယာနိုင်ငံသား ညီအစ်ကိုနှစ်ယောက်က ဦးဆောင်တာဖြစ်ပြီး စပိန်နိုင်ငံ မက်ဒရစ်မြို့အနီးမှာ ဓာတ်ခွဲခန်းတွေ ပိုင်ဆိုင်ကြတယ်လို့လည်း ရဲတပ်ဖွဲ့က ဆိုပါတယ်။ မူးယစ်မှောင်ခိုကူးသူတွေဟာ ကိုကင်းထည့်ထားတဲ့ နာနတ်သီးတွေကို ကုန်သေတ္တာတွေ ထဲထည့်ပြီး သင်္ဘောနဲ့ သယ်လာတာလို့ ရဲတွေက ဆိုပါတယ်။ ကိုကင်းတွေကို သစ်သီးလို့ထင်ရအောင် ဖယောင်းဝါနဲ့ဖုံးထားပြီး အပေါ်ကနေ နာနတ်ခွံတွေနဲ့အုပ်ထားတယ်လို့ စပိန်ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ အဲဒီမူးယစ်ဆေးဝါးတွေကို လက်တင်အမေရိကတိုက် ပနားမားနိုင်ငံကနေ တဆင့် ပေါ်တူဂီနိုင် လစ်ဘွန်းဆိပ်ကမ်းကို ရေကြောင်းခရီးနဲ့သယ်လာတာပါ။ ဒီဖမ်းဆီးမှုအတွင်း ဖိအားသုံးစက် ၂ ခု၊ ထုပ်ပိုးစက် ၃ ခုနဲ့ ယူရိုငွေ ၄ သိန်းကျော်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အခု ကိုကင်းတွေ ဖမ်းမိတဲ့ အိုင်ဘေးရီးယန်းကျွန်းဆွယ်ဟာ လက်တင်အမေရိကနဲ့ အနောက်အာဖရိက ဒေသတွေက မူးယစ်ဆေးဝါးတွေကို ဥရောပတိုက်ဆီ အဓိက ခိုးသွင်းရာနေရာ  ဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up