ကိသ်သာမန်

July 22, 2019

ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအို အမေရိကန် လက်ဝှေ့သမားကို အနိုင်ရ

အသက် ၄၀ အရွယ်ရှိနေပြီဖြစ်တဲ့ ဖိလစ်ပိုင် လက်ဝှေ့အကျော်အမော် မန်နီပက်ကွီအိုဟာ ပြိုင်ဘက် အမေရိကန် လက်ဝှေ့သမား ကိသ်သာမန်ကို ဒိုင်အဆုံးအဖြတ်ခံယူပြီး အနိုင်ရရှိခဲ့ပါတယ်။ နာမည်ကြီး လတ်စ်ဗီးဂတ်စ်က MGM Grand မှာကျင်းပခဲ့တဲ့ WBA စူပါဝဲလ်တာဝိတ် ချန်ပီယံလုပွဲ မစတင်မီ မေဝယ်သာက ထိုးသတ်မယ့်သူ နှစ်ဦးအတွက် ဆုတောင်းစကား ပြောခဲ့ပါတယ်။ ပက်ကွီအိုဟာ ကိသ်သာမန်ထက် လက်ရည်ပိုသာခဲ့ပြီး ပထမအချီမှာတင် အမေရိကန် လက်ဝှေ့သမား ကြမ်းပြင်ပေါ် လဲကျခဲ့ပါတယ်။ နောက်ပိုင်းအချီတွေမှာတော့ အပြန်အလှန် တိုက်စစ်ဖွင့်ထိုးသတ်ခဲ့လို့ ကြည့်ကောင်းတဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးလောကမှာလည်း အောင်မြင်တဲ့ ပက္ကြီအိုဟာ ၂၀၁၇ က ၾသစေၾတးလ် ကျောင်းဆရာ လက်ဝှေ့သမားကို အမှတ်မထင်ရှုံးနိမ့်ပြီး WBO ဝယ်လ်တာဝိတ်တန်း ချန်ပီယံဘွဲ့ ဆုံးရှုံးခဲ့သူဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တနှစ်နီးပါး လက်ဝှေ့လောကကနေ အနားယူခဲ့ပြီး ၂၀၁၈ ခုနှစ် နှစ်လယ်လောက်မှ ကြိုးဝိုင်းထဲ ပြန်ဝင်ခဲ့တဲ့ ပက်ကွီအိုဟာ အခုနိုင်ပွဲနဲ့ဆိုရင် တကျော့ပြန် ၃ ပွဲဆက် နိုင်ပွဲရရှိထားပါတယ်။ အခုနိုင်ပွဲအပြီး ၆၂ ပွဲနိုင် ၇ ပွဲရှုံး ၂ ပွဲသရေ မှတ်တမ်းရရှိခဲ့တဲ့ ပက်ကွီအိုဟာ သမိုင်းတလျှောက် အသက်အကြီးဆုံး ဝယ်လ်တာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။
2 years Ago
Up