ကိသ်ဖလင်း

March 5, 2019

Prodigy ဂီတအဖွဲ့မှ အဆိုတော် ကိသ်ဖလင်း ကွယ်လွန်

"Firestarter"၊ "Breathe" သီချင်းတွေနဲ့ အောင်မြင်လာတဲ့ ဗြိတိန်အဆိုတော် ကိသ်ဖလင်းဟာ အသက် ၄၉ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ Prodigy ဂီတအဖွဲ့က ကိသ်ဟာ ၁၉၉၀ ဝန်းကျင် ဗြိတိန် ဂီတလောကမှာ ထူးခြားတဲ့ ဆံပင်ပုံစံနဲ့ နာမည်ရလာခဲ့တာပါ။ သူ့ရဲ့ "Firestarter" သီချင်းဟာ ၁၉၉၆ ခုနှစ်က အောင်မြင်မှု ရခဲ့ပါတယ်။ Prodigy အဆိုတော် ကိသ်က live show တွေမှာ သူဟာ ကြိုတင်ပြင်ဆင်တာမျိုး မရှိဘဲ ဖျော်ဖြေပွဲမှာ စိတ်နှစ်ပြီး စိတ်ထဲရှိသလို သီဆိုဖျော်ဖြေတယ်လို့ ပြောခဲ့ဖူးပါတယ်။ ကိသ်ဟာ မတ်လ ၄ ရက်နေ့ မနက်က ဒန်းမိုးမြို့ရှိ နေအိမ်မှာ ကွယ်လွန်ခဲ့တာပါ။ လာမယ့် မေလအတွင်း အမေရိကမှာ သွားရောက်ဖျော်ဖြေမယ့် Prodigy အဖွဲ့က ကိသ်ကို “လမ်းသစ်ထွင်သူတဦး” အဖြစ် ဂုဏ်ပြုပြီး သူသေဆုံးတာကို အတည်ပြုခဲ့ပါတယ်။ Prodigy အဖွဲ့ရဲ့ တရားဝင် အင်စတာဂရမ်မှာ တီးဝိုင်းဖော်ဖြစ်သူ လီယမ်းဟောင်းလက်က “အစ်ကိုဖြစ်သူ ကိသ်ဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပြီး အဲဒီအတွက် ထိတ်လန့်ကြေကွဲရတယ်” လို့ ရေးသားခဲ့ပါတယ်။
2 years Ago
Up