ကိန်းရုပ်ရှင်ပွဲ

A d v e r t i s e m e n t With Us

March 20, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြင်သစ်ကိန်းရုပ်ရှင်ပွဲတော် ကျင်းပမည့်ရက် ရွှေ့

လတ်တလော ကမ္ဘာ့ကပ်ရောဂါတခုလို ဖြစ်လာနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု အန္တရာယ်ကြောင့် နာမည်ကြီး ရုပ်ရှင်ပွဲတော် တခုဖြစ်တဲ့ ကိန်းရုပ်ရှင်ပွဲတော် ကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ ခုလိုဆုံးဖြတ်ချက်ဟာ တခြားနာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ SXSW ရုပ်ရှင်ပွဲတော် ကျင်းပမယ့်ရက် ရွှေ့ဆိုင်းခဲ့ပြီးနောက် ဂီတပညာရှင်၊ အနုပညာရှင်တွေအပါအဝင် အားလုံးက ဒီဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုရဲ့ အကျိုးဆက်အပေါ် စိုးရိမ်ပူပန်မှုနေနေကြတာမို့ ကိန်းရုပ်ရှင်ပွဲတော်ကိုလည်း အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ကြတာပါ။ ကိန်းရုပ်ရှင်ပွဲတော်ကျင်းပရေး စီစဉ်သူတွေက ကမ္ဘာတလွှား ဒီဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန်ဟာ ကမ္ဘာ့ကျန်းမာရေးအကြပ်အတည်းတခုလို ဖြစ်နေပြီး သူတို့အနေနဲ့ ရောဂါကူးစက်ခံရသူတွေ၊ တိုက်ဖျက်ရေးအတွက် လှုပ်ရှားနေသူတွေနဲ့အတူ ညီညီညွတ် ညွတ်ရှိချင်တဲ့အတွက် ခုလိုရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ အရင်ကတော့ ဒီပွဲတော်ကို လာမယ့် မေလ ၁၂ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားခဲ့ပေမယ့် လက်ရှိမှာတော့ ဘယ်နေ့ကို ရွှေ့ပြောင်းကျင်းပ မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ပွဲစီစဉ်သူတွေကတော့ ပြင်သစ်နဲ့ နိုင်ငံတကာ ကျန်းမာရေးအခြေအနေတွေ တိုး တက်ကောင်းမွန်လာမှုနဲ့ ဖြစ်နိုင်ခြေတွေအရ အတတ်နိုင်ဆုံး ကျင်းပနိုင်မယ့်ရက်ကို ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။ ပြင်သစ်နိုင်ငံ ကိန်းမြို့မှာ ကျင်းပတဲ့ ကိန်းရုပ်ရှင်ပွဲတော်ကို ၁၉၄၆ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက မတူညီတဲ့ ရုပ်ရှင်တွေကို ဖိတ်ခေါ်ပြ ကျင်းပလေ့ရှိတဲ့ ပွဲတော်တခုပါ။ ၂၀၁၃ ခုနှစ်မတိုင်ခင်ကတော့ ဒီပွဲတော်ကို International Film Festival လို့သာ ခေါ်ဝေါ်အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီပွဲတော်ဟာ ကမ္ဘာ့နာမည်ကြီး ရုပ်ရှင်ပွဲတော်တွေဖြစ်တဲ့ ဘာလင်ရုပ်ရှင်ပွဲတော်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော်တို့နဲ့အတူ ကြီးသုံးကြီးထဲ ပါဝင်တဲ့ ဩဇာကြီးမားတဲ့ ပွဲတော်တခု ဖြစ်ပါတယ်။
11 months Ago
Up