ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပျံ့နှံ့တာကို လျှော့ချဖို့အတွက် ကမ္ဘာ့အထင်ကရ ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်ကို ရက် ရွှေ့ဆိုင်းလိုက်ပါတယ်။
ကိန်းစ်ရုပ်ရှင်ပွဲတော်ကို မူလက မေ ၁၂ ရက်ကနေ ၂၃ ရက်အထိ ကျင်းပဖို့ စီစဉ်ထားပေမယ့် ကျင်းပဖြစ်မှာ မဟုတ်ဘဲ လာမယ့် ဇွန်ကုန် ဒါမှမဟုတ် ဇူလိုင်လဆန်း အထိ ရွှေ့ဆိုင်းဖြစ်ဖွယ် ရှိတယ်လို့လည်း ပွဲစီစဉ်သူတွေက ပြောပါတယ်။
ရုပ်ရှင်ဒါရိုက်တာတွေ၊ နာမည်ကျော်ပုဂ္ဂိုလ်တွေနဲ့ အမှုဆောင်တွေ ထောင်ချီလာရောက်တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတွေကို ဆက်ကျင်းပနိုင်မလားဆိုတဲ့ ထင်ကြေးတွေ သီတင်းပတ်အတော်ကြာ ပေါ်ပေါက်ခဲ့ပြီးနောက် အခုလို ရွှေ့ဆိုင်းဖို့ ကြေညာလိုက်တာပါ။
ဒီနှစ် ကိန်းစ်ရုပ်ရှင်ပွဲတော်ကို ဦးဆောင်ဖို့ ဒါရိုက်တာစပိုက်လီကို ရွေးချယ်ထားပြီး ၇၃ နှစ်တာ ရပ်ရှင်ပွဲတော်သက်တမ်းအတွင်း စပိုက်လီဟာ ရုပ်ရှင်ပွဲတော်ကို ဦးဆောင်ခွင့်ရတဲ့ ပထမဆုံး လူမည်းတဦး ဖြစ်တယ်လို့ သိရပါတယ်။
11 months Ago