ကိန်းဘရစ်မြို့စားကတော်

February 5, 2018

ကလေးသူငယ်များ၏ စိတ်ကျန်းမာရေး အရေးကြီးဟု ကိန်းဘရစ်မြို့စားကတော်ပြော

ဗြိတိန် ကိန်းဘရစ်မြို့စားကတော် ကိတ်မစ်ဒယ်တန်က ကလေးသူငယ်တွေရဲ့ စိတ်ကျန်းမာရေး အရေးပါပုံအကြောင်းကို ဗွီဒီယိုဖိုင်ကတဆင့် ပြောကြားခဲ့ပါတယ်။ ဗြိတိန်တော်ဝင်အိမ်ရှေ့မင်းသား နှစ်ဦးဖြစ်ကြတဲ့ ဝီလျံ၊ ဟယ်ရီနဲ့ မြို့စားကတော် ကိတ်မစ်ဒယ်တန်တို့ဟာ ကလေးသူငယ် စိတ်ကျန်းမာရေးကို ဦးစားပေးစည်းရုံး လှုံ့ဆော်နေကြတာ ဖြစ်ပါတယ်။ ဒီနှစ် ကလေးသူငယ် စိတ်ကျန်းမာရေး သီတင်းပတ်ကို “ကျွန်ုပ်တို့ ကိုယ်တိုင်ဖြစ်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ စတင်လှုပ်ရှားနေတာပါ။ မြို့စားကတော် ကိန်မစ်ဒယ်တန်က “ကလေးဘဝဟာ ကျမတို့ဘဝတွေမှာ အရေးပါတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။ ကျမတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို စူးစမ်းတဲ့အချိန်၊ ကျမတို့မှာ ရှိနေတဲ့ စွမ်းရည်ကို ရှာဖွေတဲ့အချိန်နဲ့ ကျမတို့ဆိုတာဖြစ်လာအောင် သင်ယူတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ ကျမတို့ရဲ့ ငယ်ရွယ်စဉ်အချိန် အတွေ့အကြုံဟာ ကြီးလာရင် ဘယ်လိုလူဖြစ်လာမလဲ ဆိုတာကို ပုံဖော်ပေးပါတယ်။ ကိုယ့်ဘဝမှာ အဆင်ပြေအောင် ဘယ်လိုနေထိုင်မလဲ ဆိုတာကို ပုံဖော်ပေးပါတယ်” လို့ ပြောပါတယ်။ “ကျမတို့ ကျောင်းအုပ်ဖြစ်စေ၊ ဆရာမဖြစ်စေ၊ မိဘဖြစ်စေ အားလုံးဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိကြပါတယ်။ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ ကျမတို့ ပွင့်ပွင့်လင်းလင်း ရှိကြတဲ့အခါ ကျမတို့ အစောင့်အရှောက်အောက်မှာ ရှိနေတဲ့ ကလေးတွေကို သူတို့ကိုယ်တိုင်ရဲ့ အကောင်းဆုံးဖြစ်လာဖို့ အခွင့်အရေးရှိတယ်ဆိုတာကို သေချာအောင် ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်” လို့လည်း ပြောပါတယ်။ မကြာသေးခင်က ဗြိတိန် တော်ဝင်အိမ်ရှေ့မင်းသား နှစ်ဦးဟာ ငယ်ဘဝက သူတို့ရဲ့ မိခင်ဖြစ်သူ မင်းသမီး ဒိုင်ယာနာ ကားအက်ဆီးဒင့်မှာ သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး သူတို့ရဲ့စိတ်မှာ အမာရွတ် ထင်ကျန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
3 years Ago

January 18, 2018

ကိန်းဘရစ်မြို့စားကတော် ကလေးဆေးဘက်ဆိုင်ရာ ဌာနသစ်ကို ဖွင့်လှစ်ပေး

ကိန်းဘရစ်မြို့စားကတော်  ကိတ်မက်ဒယ်တန်ဟာ လန်ဒန်မြို့၊  ဂရိတ်အော်မွန်းလမ်း ကလေးဆေးရုံရှိ Mittal ကလေးဆေးဘက်ဆိုင်ရာဌာနကို ဇန်န၀ါရီ ၁၇ ရက်က သွားရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ကိတ်ဟာ ကုသဆောင်တွေမှာရှိတဲ့ ဆေးရုံဝန်ထမ်းတွေ၊ လူနာတွေ၊ သူတို့ရဲ့ မိသားစု ၀င်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ကလေးခြောက်ယောက်နဲ့အတူ ဆေးဘက်ဆိုင်ရာဌာနသစ်ကို ဖွင့်လှစ်ပေးခဲ့တာပါ။ အသစ်ဖွင့်လိုက်တဲ့ဌာနမှာ ကလေးလူနာရှင်မိဘတွေဟာ သူတို့ကလေးတွေနဲ့အတူ ညအိပ်နေထိုင်နိုင်မဲ့ အိပ်ခန်းဆောင်တွေကိုပါ ထည့်သွင်းထားပါတယ်။ အဲဒီဆေးရုံမှာ ဗြိတိန်နိုင်ငံတစ်ဝှမ်းကနေ လာရောက်ကုသတဲ့ ကလေးငယ် ၆၀၀ ကျော်အထိရှိကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
Up