ကိတ်ရူဘင်

October 31, 2020

အမေရိကန် အမျိုးသမီးအာကာသယာဉ်မှူး အာကာသစခန်းမှမဲပေး

အမေရိကန် အမျိုးသမီး အာကာသယာဉ်မှူး ကိတ်ရူဘင်ဟာ အမေရိကန် သမ္မတ ရွေးကောက်ပွဲအတွက် အာကာသကနေ မဲပေးခဲ့ပါတယ်။  အာကာသယာဉ်မှူး ကိတ်ရူဘင်ဟာ နိုင်ငံရပ်ခြားရောက်နေသူတွေ အသုံးပြုတဲ့ အပလီကေးရှင်းသုံးပြီး နိုင်ငံတကာအာကာသစခန်းကနေ မဲပေးခဲ့တာပါ။ အာကာသဟာ နိုင်ငံရပ်ခြား ဟုတ်၊ မဟုတ် ဆိုတာ မသေချာဘူးလို့လည်း ရူဘင်က ဟာသနှောပြောခဲ့ပါတယ်။  "သူတို့ဟာ လျှောက်လွှာဖြည့်တယ်။ စကားဝှက်နဲ့ ပို့တဲ့ မဲတွေကို ရလာတယ်။ မဲပေးပြီးတော့ အမေရိကန်ကို ပြန်ပို့တယ်။ တာဝန်ရှိသူတွေက သူပေးတဲ့ မဲကို မှတ်တမ်းယူထားတယ်" လို့ ရူဘင်က ရှင်းပြပါတယ်။  မဲပေးတာက နိုင်ငံသားတစ်ယောက်ရဲ့ တာဝန် ဖြစ်တယ်လို့လည် းသူက ဆိုပါတယ်။ နောက်ပြိး အာကာသထဲကနေ မဲပေးနိုင်တာ သိပ်ကို ကံကောင်းပါတယ်လို့လည်း  အာကာသယာဉ်မှူး ရူဘင်က ပြောခဲ့ပါတယ်။  နိုင်ငံတကာအာကာသစခန်းမှာ လူသားတို့နေထိုင်ခြင်း အနှစ် ၂၀ ပြည့်အခမ်းအနားအတွက်  ရူဘင်အပါအဝင်  Expedition 64 ယာဉ်အမှုထမ်းတွေဟာ  ပြင်ဆင်နေကြပါတယ်။  နာဆာရဲ့ အဆိုအရ ဒါဟာ ရူဘင်ရဲ့ အာကာသထဲကနေ ဒုတိယအကြိမ် မဲပေးခြင်းလို့လည်း သိရပါတယ်။  အမေရိကန် အမျိုးသမီး အာကာသယာဉ်မှူး ရူဘင်ဟာ ၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲတုန်းကလည်း အာကာသထဲကနေ မဲပေးဖူးတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ 
2 years Ago
Up