ကာရိုးလ်ကို အပြီးသတ်ခေါ်ယူရန် ချဲလ်ဆီး ဆွေးနွေး

January 17, 2018

ကာရိုးလ်ကို အပြီးသတ်ခေါ်ယူရန် ချဲလ်ဆီး ဆွေးနွေး

ချဲလ်ဆီးအသင်းဟာ ဝက်စ်ဟမ်းတိုက်စစ်မှူး အန်ဒီကာရိုးလ်ကို အငှားနဲ့ခေါ်ယူဖို့ အဆင်မပြေ တာကြောင့် အပြီးသတ်ခေါ်ယူဖို့ ဆက်ပြီးဆွေးနွေးနေပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ အင်္ဂလန် တိုက်စစ်မှူး ကာရိုးလ်ကို အငှားနဲ့ခေါ်ယူဖို့ စတင်ဆွေးနွေးခဲ့ပြီး ဝက်စ်ဟမ်းအသင်းက အငှားစေလွှတ်လိုခြင်း မရှိတာကြောင့် အဆင်မပြေဖြစ်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ အပြီးသတ်ခေါ်ယူဖို့ ဆက်လက်ဆွေးနွေးနေပြီး ၀က်ဟမ်းဘက်က ပေါင်သန်း၂၀ အလိုရှိနေတယ်လို့ ဆိုပါတယ်။ အသက် ၂၉ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူး ကာရိုးလ်ဟာ လက်ရှိအချိန်မှာ ခြေချင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရပြီး သူ့ကို ရောင်းချမှာမဟုတ်ဘူးလို့ ၀က်စ်ဟမ်းနည်းပြ မိုယက်စ်က ပြောဆိုထားပါတယ်။ အန်ဒီကာရိုးလ်ဟာ ၂၀၁၁ ခုနှစ်က နယူးကာဆယ်ကနေ လီဗာပူးအသင်းဆီကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့တာကြောင့် ၂၀၁၃ ခုနှစ်မှာ ၀က်စ်ဟမ်းအသင်းဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။  
3 years Ago
Up