ကား ၁၀ စီး ပျက်စီး (ရုပ်သံ)

September 9, 2017

တရုတ်တွင် မြေထိန်းနံရံပြိုကျ၊ ကား ၁၀ စီး ပျက်စီး (ရုပ်သံ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ယူရှီမြို့က တောင်စောင်းမှာ ရှိနေတဲ့ ဟွာနင်း မိုးလေဝသဗျူရို ခြံဝင်းထဲမှာ စက်တင်ဘာ ၈ ရက်နေ့က မြေထိန်းနံရံ ပြိုကျခဲ့လို့ ရပ်ထားတဲ့ ကား ၁၀ စီး ပျက်စီးပါတယ်။ မနက် ၁၀ နာရီလောက်မှာ မြေထိန်းနံရံ ပြိုကျလို့ အနားမှာ ရပ်ထားတဲ့ ကား ၁၀ စီး ပြားသွားပုံကို လုံခြုံရေး ကင်မရာက ရိုက်ကူးထားတဲ့ ရုပ်သံမှာ မြင်ရပါတယ်။ ဒေသတွင်း မိုးအဆက်မပြတ် ရွာလို့ မြေသားတွေ လျော့ရဲလာခဲ့တာပါ။ ဒါကြောင့် မြေထိန်းနံရံအပေါ် တဖက်သတ် ဖိအားတွေ သက်ရောက်လာလို့ ခုလိုပြိုကျတာ ဖြစ်ပါတယ်။ ရုံးချိန် ဖြစ်နေလို့ ဒီဖြစ်ရပ်မှာ ဒဏ်ရာရသူ မရှိခဲ့ပါဘူး။
4 years Ago
Up