ကား မတော်တဆဖြစ်

July 8, 2018

ကလေးများ ကယ်ထုတ်ရေး ဂူဝင်ပေါက်ရှာဖွေသည့်အဖွဲ့ကား မတော်တဆဖြစ်၊ ၄ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဂူတွင်း ပိတ်မိနေတဲ့ ကလေးတွေကယ်ထုတ်ရေး တောင်ပေါ်ကနေ ဂူဝင်ပေါက်ရှာဖွေနေတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ မနေ့ညနေ ၇ နာရီ ၄ဝ လောက်မှာ ကားချော်ကျပြီး ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒွိုင်ဖာမီတောင်ကြော တောင်ပေါ်လမ်းမှာ ကားချော်ကျမှု ဖြစ်ပွားပြီး ၄ ဦး ဒဏ်ရာရရှိကာ ကယ်ဆယ်ရေးသမား ၁ ဦး ဒဏ်ရာပြင်းထန်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ ထိုင်းကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ ဂူအတွင်းကနေ ကလေးတွေကိ ရေကူးနဲ့ ရေငုပ်သင်ပေးတဲ့နည်းနဲ့ ကယ်ထုတ်ဖို့ ကြိုးစားနေသလို တောင်ပေါ်ကနေလည်း ဂူဝင်ပေါက်တွေ ရှာဖွေပြီး ကယ်တင်ဖို့ လုပ်နေပါတယ်။ လက်ရှိအချိန်မှာ ထိုင်းလူငယ် ၁၃ ဦး ပိတ်မိနေတဲ့ လှိုဏ်ဂူရှိတဲ့ နေရာတဝိုက်မှာ မိုးရွာသွန်းနေပါတယ်။ အခုရက်ပိုင်းတွေအတွင်း ဂူထဲက လူငယ် ၁၃ ယောက်ကို  ထုတ်လာနိုင်ဖွယ်ရှိတယ်လို့ သတင်းထောက်တွေက ယူဆနေလို့ ထွက်လာမယ့်အချိန်ကို စောင့်ဆိုင်းနေကြပါတယ်။ ထိုင်းလူငယ် ၁၃ ဦးအား ကယ်ထုတ်လာမယ့်  သတင်းကို ထိုင်းအာဏာပိုင်တွေက ကြိုတင်ထုတ်ပြန်တာတွေ မရှိလို့ သတင်းမီဒီယာတွေကတော့ ဇွဲကြီးကြီးနဲ့ ဂူရှေ့မှာ နေ့ညမပြတ် စောင့်ဆိုင်းနေပါတယ်။
3 years Ago
Up