ကားနှင့်ဆိုင်ကယ်တိုက်၏

June 22, 2018

ရွှေဘို-မြစ်ကြီးနား ကားလမ်းတွင် ကားနှင့်တိုက်မိ၍ ဆိုင်ကယ်မောင်းသူသေဆုံး

ရွှေဘို- မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်မှာ မနေ့က မွန်းလွဲပိုင်း  ၁၂ဘီးကားနဲ့ ဆိုင်ကယ်တိုက်​ပြီး ဆိုင်ကယ်မောင်းသူ အမျိုးသား တဦး သေဆုံးသွားပါတယ်။ စစ်​ကိုင်းတိုင်း​ဒေသကြီး၊ အင်း​တော်​မြို့နယ်၊ မော်လူးဒေသ စီးမော်ရွာနဲ့ စီပိန်းရွာကြား ရွှေဘို-မြစ်ကြီနား ပြည်ထောင်စုလမ်းမပေါ်မှာ ဇွန် ၂၁ မွန်းလွဲ ၁ နာရီခွဲလောက်က ၁၂ ဘီးကားနဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိခဲ့တာပါ။ ရွှေဘိုမြစ်ကြီးနား ပြည်​​ထောင်​စုလမ်းမကြီး ကားလမ်း မိုင်တိုင်အမှတ် ၂၆၉.၅ ကီလိုမီတာ အနီး စီး​မော်​ရွာမှာ ဂက်(စ်)အိုးအခွံတွေ အပြည့်တင်ဆောင်ထားတဲ့ ယာဉ်​​မောင်း ကို​အောင်​နိုင် မောင်းနှင်လာတဲ့ ၁၂ ဘီးယာဉ်နဲ့ ကိုမြင့်ဝင်း မောင်းနှင်လာတဲ့ ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိပြီး ဆိုင်ကယ်မောင်းသူ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး မော်လူးရဲစခန်းက ယာဉ်မောင်းသူနှစ်ဦးကို ယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့  ရာဇသတ်​ကြီးပုဒ်မ-၃၀၄(က) နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ ခင်ဆွေ(မော်လူး)
3 years Ago
Up