ကားနှင့်ဆိုင်ကယ်တိုက်မိ၍

May 27, 2019

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကားနှင့်ဆိုင်ကယ်တိုက်မိ၊ ၁ ဦးသေဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၇၈/၅ မှာ ဒီနေ့ နေ့လယ်ပိုင်းက လမ်းဖြတ်ကူးတဲ့ ဆိုင်ကယ်နဲ့ အိမ်စီးကားတိုက်မိရာ အမျိုးသား ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရသွားတယ်လို့ ပေပင်လေးအမြန်လမ်းရဲစခန်းက ပြောပါတယ်။ ဦးကျော်သိန်း စီးလာတဲ့ ဆိုင်ကယ်က အမြန်လမ်းမကြီးကို ဖြတ်ကူးချိန် နေပြည်တော်ကနေ မန္တလေးဘက်ကို မချောစုလွင် မောင်းလာတဲ့ကားနဲ့ တိုက်မိပြီး အခင်းဖြစ်နေရာမှာပဲ ဆိုင်ကယ်စီးလာသူ ဦးကျော်သိန်း သေဆုံးခဲ့ပြီး ကားပေါ်ပါ ၄ ဦးအနက် အမျိုးသမီးတဦးနဲ့ အမျိုးသား ၁ ဦးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ပေပင်လေးအမြန်လမ်းရဲစခန်း စခန်းမှူးက “ဆိုင်ကယ်စီးလာသူကတော့ အခင်းဖြစ် နေရာတင် သေဆုံးသွားတယ်။ အမြန်လမ်းပေါ် ဆိုင်ကယ်စီးခွင့်မရှိပါဘူး။ ကားငယ်ပေါ်က ဒဏ်ရာရသူတွေက မစိုးရိမ်ရပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။ ဆိုင်ကယ်စီးပြီး လမ်းဖြတ်ကူးသူ ဦးကျော်သိန်းကို ပေပင်လေးအမြန်လမ်းရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း၊ ဓာတ်ပုံ-192 အလည်ရွာ ပရဟိတအဖွဲ့
3 years Ago

November 12, 2017

ကားနှင့်ဆိုင်ကယ်တိုက်မိ၍ ကျောင်းအုပ်ဆရာ ၁ ဦး သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းမိုင်တိုင် ၃၃၁/၀ နဲ့ ၁ အကြား နိုဝင်ဘာ ၁၀ ရက် ညပိုင်းက ဆိုင်ကယ်နဲ့ ၁၂ ဘီးကားတိုက်မိပြီး ကျောင်းအုပ်ဆရာတဦး သေဆုံးသွားတယ်လို့ မိတ္ထီလာမြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ဖြစ်စဉ်မှာ ကန်တောင်ရွာအနီးမှာ ပခုက္ကူမြို့ အမှတ်(၆)ရပ်ကွက်နေ ကျော်မြင့်ထွန်းမောင်းလာတဲ့ ၁၂ ဘီးကားနဲ့ ကျောင်းအုပ်ဆရာ ဦးသိန်းထွန်းစီးလာတဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိပြီး ယာဉ်လမ်းကြော ပြောင်းပြန်စီးလာတဲ့ ဦးသိန်ထွန်း အခင်းဖြစ်နေရာပဲ သေဆုံးသွားတယ်လို့ မြို့မရဲစခန်းတာဝန်ကျအရာရှိက ပြောပါတယ်။ မြို့မရဲစခန်းဒုရဲအုပ်အောင်သူဟိန်းက “ဆိုင်ကယ်နဲ့ ကားနှစ်စီးလုံး အရှိန်များတယ်။ ဦးသိန်းထွန်းက တဖက်ယာဉ်ကြောထဲ ရောက်သွားပြီး တိုက်မိတယ်။ ဦးခေါင်းငယ်ထိပ် ပေါက်တယ်။ ယာလက်ကောက်ဝတ်နဲ့ ဝဲခြေသလုံးရိုး ကျိုးတယ်။ အခင်းဖြစ်နေရာမှာပဲ သေဆုံးတယ်။ မိတ္ထီလာဆေးရုံပို့ပေးရတယ်” လို့ ပြောပါတယ်။ မိတ္ထီလာမြို့မရဲစခန်းက ဦးသိန်းထွန်း ကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago
Up