ကားကြပ်ခြင်းကို ဖြေရှင်းမည့် တရုတ်က ဘတ်စ်ကားသစ် (ရုပ်သံ)

May 27, 2016

ကားကြပ်ခြင်းကို ဖြေရှင်းမည့် တရုတ်က ဘတ်စ်ကားသစ် (ရုပ်သံ)

တရုတ်နိုင်ငံက အဓိကမြို့တော်တွေဖြစ်တဲ့ ဘီဂျင်းနဲ့ ရှန်းဟိုင်းမှာ ကားကြပ်တဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ဘတ်စ်ကား တမျိုးကို ပြသလိုက်ပါတယ်။ မေ ၂၂ ရက်ကပြုလုပ်တဲ့ ၁၉ ကြိမ်မြောက် နိုင်ငံတကာ အဆင့်မြင့်နည်းပညာ ပြပွဲမှာ တရုတ် ထိပ်တန်း အင်ဂျင်နီယာတွေက TEB လို့ ခေါ်တဲ့ ဘတ်စ်ကားကို ပြသလိုက်ပါတယ်။ ဘတ်စ်ကားက တရုတ်ရဲ့ ယာဉ်ကြောကြပ်တဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ပြီး လေထုညစ်ညမ်းမှုကို လျော့ချကာ လူထု သယ်ဆောင်ရေးစနစ်ကို ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်တယ်လို့ ဆိုပါတယ်။ ဘတ်စ်ကားလမ်းကြောင်းဟာ မြေအောက် မီးရထားလမ်းတွေနဲ့ အလားသဏ္ဌာန်တူပြီး တည်ဆောက်ရတာ လွယ်ကူမယ်လို့ TEB စီမံကိန်း တာဝန်ရှိ အင်ဂျင်နီယာက ပြောပါတယ်။ တည်ဆောက်မှုကို တနှစ်အတွင်းပြီးဆုံးမှာ ဖြစ်သလို ခရီးသည် ၁၂၀၀ လောက်ကို တင်ဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။ ပြပွဲမှာတော့ အိမ်သုံးကားတွေပေါ်ကနေ ဖြတ်မောင်းပြသခဲ့ပြီး ထရပ်ကားနဲ့ ကြီးမားတဲ့ ကားတွေပေါ်ကို ဘယ်လို ဖြတ်မောင်းမလဲဆိုတာနဲ့  လုံခြုံစိတ်ချရမှုကတော့ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။
6 years Ago
Up