ကားပြပွဲ

April 26, 2018

မော်ဒယ်အမျိုးအစား ၁၀၀၀ ကျော် ပြသခဲ့သည့် ဘေဂျင်း နိုင်ငံတကာကားပြပွဲ

တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ ၂၀၁၈ ဘေကျင်း နိုင်ငံတကာကားပြပွဲ (Auto China 2018) ကို ဧပြီ ၂၅ ရက်နေ့က စတင်ကျင်းပခဲ့ပါတယ်။ ပြပွဲမှာ ကားမော်ဒယ်အမျိုးအစား တထောင်ကျော်နဲ့ ပုံစံသစ်ကားတချို့ ပြသခဲ့ပါတယ်။ အရင်က မပြဘူးတဲ့ ကားမော်ဒယ် ၁၀၅ မျိုးကတော့ ဒီပွဲမှာ ပထမဆုံး အကြိမ် ပြသခဲ့တာပါ။ ဒီပြပွဲကို ကမ္ဘာ့နိုင်ငံ ၁၄ ခုက ပရိသတ် ၁၂၀၀ ကျော် လာရောက်လေ့လာခဲ့ကြပါတယ်။ ဧပြီ ၂၉ ရက်နေ့အထိ ကျင်းပသွားမယ့် ဒီကားပြပွဲမှာ နိုင်ငံတကာ ကားကုမ္ပဏီကြီးတွေက ကားတွေလည်း ပါဝင်ပြသခဲ့ပါတယ်။ ဘေကျင်း နိုင်ငံတကာကားပြပွဲကို ၁၉၉၀ ခုနှစ်က စတင်ပြီး ၂ နှစ်တကြိမ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up