ကားလော့စ်ဂွန်း

March 7, 2019

နစ်ဆန်းကုမ္ပဏီ ဥက္ကဋ္ဌဟောင်း ကားလော့စ်ဂွန်း အာမခံဖြင့် ပြန်လွတ်

ရာထူးကနေ ဖယ်ရှားခံရတဲ့ နစ်ဆန်းမော်တော်ကားကုမ္ပဏီ ဥက္ကဋ္ဌဟောင်း ကားလော့စ်ဂွန်းဟာ အာမခံငွေ အမေရိကန် ဒေါ်လာ ၉ သန်း တင်ပြီးနောက် မတ်လ ၆ ရက်နေ့က အချုပ်ခန်းကနေ ပြန်လည်လွတ်မြောက်လာပါတယ်။ ကားလော့စ်ဂွန်းဟာ လုပ်သားဝတ်စုံ ဝတ်ထားပြီး မျက်နှာဖုံး၊ မျက်မှန်နဲ့ ဦးထုပ်ဆောင်းကာ တိုကျိုအချုပ်ခန်းကနေ ထွက်လာခဲ့ပါတယ်။ အဲဒီနောက် ဂျာနယ်လစ်တွေနဲ့ ကင်မရာသမားတွေ သတိမပြုမိဘဲ ဂွန်းဟာ ဗင်ကားတစီးပေါ် တက်သွားခဲ့ပါတယ်။ ကမ္ဘာ့မော်တော်ကားထုတ်လုပ်ရေး လုပ်ငန်းကြီးရဲ့ အကြီးအကဲဟောင်းဖြစ်သူ ဂွန်းဟာ နိုဝင်ဘာ ၁၉ ရက်နေ့ ဖမ်းဆီးခံရပြီးကတည်းက အပူပေးစက် တပ်မထားတဲ့ အခန်းကျဉ်းအတွင်း ရက်ပေါင်း ၁၀၀ ကျော် ချုပ်နှောင်ခံခဲ့ရပါတယ်။ ဂွန်းကို ဘဏ္ဍာရေးမသမာမှု စွဲချက်တွေနဲ့ တရားစွဲထားပြီး ဂွန်းကတော့ အဲဒီစွဲချက်တွေကို ဥပဒေပိုင်းဆိုင်ရာ အချက်အလက် ပြည့်ပြည့်စုံစုံ မရှိဘူးလို့ ပြောခဲ့ပါတယ်။ ဂွန်းကို ဆက်လက်ချုပ်နှောင်ထားဖို့ အစိုးရှေ့နေတွေ အယူခံဝင်တာကို တိုကျိုခရိုင် တရားရုံးက ပယ်ချပြီးနောက် ဂျပန်နိုင်ငံမှာ ကြေးအမြင့်ဆုံးဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၉ သန်း အာမခံနဲ့ ဂွန်းကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
3 years Ago

March 6, 2019

နစ်ဆန်းဥက္ကဋ္ဌဟောင်းကို အာမခံဖြင့် ပြန်လွှတ်ပေးမည့်အပေါ် ဒေသခံများ အပြုသဘောတုံ့ပြန်

နစ်ဆန်းကော်ပိုရေးရှင်း ဥက္ကဋ္ဌဟောင်း ကားလော့စ်ဂွန်းကို အာမခံနဲ့ ပြန်လွှတ်ပေးမယ့် မတ်လ ၅ ရက်က သတင်းအပေါ် ဂျပန်မြို့တော် တိုကျိုဒေသခံတွေက အပြုသဘော တုံ့ပြန်ခဲ့ကြပါတယ်။ ရုပ်သံကနေ စောင့်ကြည့်တဲ့ကိရိယာနဲ့ စောင့်ကြည့်ခံပြီး ဂျပန်နိုင်ငံထဲမှာပဲ နေမယ်ဆိုတဲ့ အခြေအနေအောက်မှာ အာမခံအတွက် အမေရိကန်ဒေါ်လာ ၉ သန်းနီးပါး အာမခံငွေပေးဖို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။ တရားခွင်မှာ ၃ လကြာ အမှုရင်ဆိုင်ခဲ့ရတဲ့ ရာထူးက ထုတ်ပယ်ခံ ဥက္ကဋ္ဌဟောင်းအပေါ် တချို့က ကရုဏာသက်ခဲ့ကြပါတယ်။ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ယိုရှိဟိဒဲ စုင ကတော့ ဒီအရေးအပေါ် မှတ်ချက်ပေးဖို့ ငြင်းပါတယ်။ ကားလော့စ်ဂွန်းဟာ အာမခံငွေ အမေရိကန်ဒေါ်လာ ၉ သန်းနီးပါးကို မပေးရသေးတဲ့အတွက် မတ်လ ၆ ရက်နေ့မှာမှ လွှတ်ပေးခံရမယ်လို့ ဂျပန်မီဒီယာတွေက ဖော်ပြကြပါတယ်။
3 years Ago
Up