ကားမောင်းသမား

December 26, 2016

ခိုးယူခံခဲ့ရသည့် လက်ကိုင်ဖုန်းကို ပြန်လည်တိုက်ခိုက်ရယူခဲ့သည့် ကားမောင်းသမား (ရုပ်သံ)

တရုတ်နိုင်ငံမှာ ကုန်တင်ထရပ်ကားတစီးပေါ်မှ မိုဘိုင်းဖုန်းတလုံးကို အလစ်သုတ် ခိုးယူပြီး ဆိုင်ကယ်နဲ့ မောင်းပြေးသွားခဲ့တဲ့ အမျိုးသားတဦးကို ကားမောင်းသူက အလျှင်အမြန်ပဲ ပြန်လည်လက်တုံ့ပြန် တိုက်ခိုက်ကာ ဖုန်းကို ရယူနိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းခရိုင်ထဲမှာ ဖြစ်ခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဒီဇင်ဘာ ၂၅ ရက်နေ့က ဖော်ပြပါတယ်။ ဆိုင်ကယ်သမားဟာ လမ်းမပေါ် ရပ်ထားခဲ့တဲ့ ကုန်တင်ကားပေါ်ကို ဘေးမှတွယ်တက်ခဲ့ကာ ကားအတွင်းမှ မိုဘိုင်းဖုန်းကို ရယူပြီး ဆိုင်ကယ်ကို မောင်းထွက်သွားခဲ့တာပါ။ သူဟာ လမ်းအတိုင်းမောင်းနှင်ပြီး လမ်းတဘက်ခြမ်းကနေ လာလမ်းအတိုင်း ပြန်ကွေ့လိုက်ချိန်မှာတော့ ကားမောင်းသမားဟာ လမ်းလယ်ကျွန်းကနေကူးပြီး လမ်းမအတိုင်းမောင်းလာတဲ့ ဆိုင်ကယ်သမားရှေ့က ပိတ်ရပ်ကာ ခုန်တက်လိုက်တာပါ။ ဆိုင်ကယ်သမားဟာ အငိုက်မိသွားခဲ့ပြီး ဆိုင်ကယ်ရော လူပါ လမ်းမပေါ် လဲကျသွားခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ အဲဒီနောက် ကားမောင်းသူဟာ ဆိုင်ကယ်သမားကို တွန်းလိုက်တဲ့အတွက် ဆိုင်ကယ်နဲ့ပိမိခဲ့ပြီး ဖုန်းကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။
5 years Ago
Up