ကားအစီးရေ ထောင်ချီ

January 19, 2020

ကနေဒါတွင် နှင်းထူထပ်စွာကျ၊ ကားအစီးရေ ထောင်ချီ နစ်မြုပ်နေ

ကနေဒါနိုင်ငံ အတ္တလန္တိတ်ကမ်းခြေ နယူးဖောင်လန်မှာ  ဆီးနှင်းထူထပ်စွာ ကျရောက်ပြီး ကားအစီးရေ ထောင်နဲ့ချီပြီး နှင်းထုတွေအောက်မှာ နစ်မြုပ်နေသလို ဓာတ်အား ပြတ်တောက်မှုတွေလည်း ရှိနေပါတယ်။ ဇန်နဝါရီ ၁၇ နဲ့ ၁၈ ရက်နေ့တွေမှာ စံချိန်တင်ကျခဲ့တဲ့ နှင်းမုန်တိုင်းကြောင့်  တချို့နေရာတွေမှာ နှင်းထုဟာ လက်မ ၃၀ လောက် ရှိခဲ့တာပါ။   စီးပွားရေးလုပ်ငန်းတွေနဲ့ စိန့်ဂျွန်း နိုင်ငံတကာလေဆိပ်ကိုလည်း ပိတ်ထားရပါတယ်။ တမြို့လုံး ဆီးနှင်းတွေနဲ့ ဖုံးလွှမ်းနေပြီး လူအသွားအလာ မရှိတော့သလို လူအားလုံးဟာ အိမ်တွေထဲမှာပဲ နေနေကြတဲ့အပြင် ထောင်‌ချီတဲ့လူတွေဟာလည်း မြို့ကနေ ထွက်ခွာသွားနေကြပါတယ်။
1 year Ago
Up