ကားသွားလာခွင့်ဒ

August 28, 2015

အာရှလမ်းသစ် ဖွင့်ရန် လုံခြုံရေးအတွက် ကားသွားလာခွင့် ယာယီပိတ် (ရုပ်သံ)

မြဝတီ-ကော့ကရိတ် အာရှလမ်းသစ် ဖွင့်ခါနီး ပြုပြင်ရေးနဲ့ လုံခြုံရေး လုပ်ဆောင်ဖို့ ကားတွေ သွားလာ အသုံးပြုတာကို ယာယီပိတ်လိုက်ပါတယ်။ လာမယ့် သြဂုတ် ၃၀ ရက်နေ့မှာ မြ၀တီ-ကော့ကရိတ် အာရှလမ်းသစ် ဖွင့်လှစ်ပွဲကို ထိုင်း-မြန်မာ ၂ နိုင်ငံ အကြီးအကဲတွေ တက်ရောက်မှာ ဖြစ်တဲ့အတွက် လမ်းလုံခြုံရေး လုပ်ဆောင်ဖို့နဲ့ ပြုပြင်မှု အနည်းငယ် လုပ်ဆောင်ဖို့ ရှိတဲ့အတွက် ကားတွေ သွားလာ အသုံးပြုတာကို ယာယီပိတ်လိုက်တာပါ။ ၂၈ မိုင်ရှည်လျားတဲ့ မြ၀တီ-ကော့ကရိတ် အာရှလမ်းမသစ်ဖွင့်ပွဲကို သြဂုတ် ၃၀ ရက် မြန်မာစံတော်ချိန် ၈ နာရီခွဲမှာ တရားဝင် စတင်ဖွင့်လှစ်မှာဖြစ်ပြီး နယ်စပ်ဖြတ်ကျော်တံတား အမှတ် ၂ အုတ်မြစ်ချ  ပန္နက်ရိုက်ပွဲကိုတော့ မြန်မာစံတော်ချိန် ၁၀ နာရီခွဲမှာ ပြုလုပ်ပါမယ်။ မြ၀တီ-ကော့ကရိတ် အာရှလမ်းမသစ်ကို အာရှအဆင့်မီ အဝေးပြေးလမ်းအဖြစ် ၂၀၁၁ ခုနှစ်က စတင်ပြီး ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီတခုက ဆောက်လုပ်ပေးခဲ့တာပါ။ အဲဒီလမ်းမသစ်ဟာ အသစ်ဆောက်လုပ်မယ့် နယ်စပ်ဖြတ်ကျော်တံတားနဲ့လည်း တဆက်တည်း ဖြစ်သွားပြီး အဲဒီလမ်းကနေတဆင့် ထိုင်းနိုင်ငံကို ဖြတ်ကာ  ကမ္ဘောဒီးယားနိုင်ငံထိ ဆက်သွယ်ထားပါတယ်။ အာဆီယံဒေသတွင်း နိုင်ငံတွေ လွယ်ကူလျှင်မြန်စွာ ဆက်သွယ်နိုင်ပြီး အာဆီယံ စီးပွားရေးဇုန် တည်ဆောက်ရေးအတွက် အထောက်အကူပြုဖို့ ရည်ရွယ်ဖောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။
6 years Ago
Up