ကားသူခိုးတယောက်အဖို့ ပိုင်ရှင်နဲ့ ပက်ပင်းတိုးမယ်ဆိုရင်တောင် ခုလောက် ဆိုးဆိုးဝါးဝါး ဖြစ်ရလိမ့်မယ်လို့ ထင်ထားမိမှာ မဟုတ်ပါဘူး။
ဘာလို့လဲဆိုတော့ သူဟာ MMA လက်ဝှေ့သမားတဦးနဲ့ ကံအကြောင်းမလှစွာ ပက်ပင်းတိုးခဲ့ပြီး တိုက်ခိုက်ခံခဲ့ရလို့ပါပဲ။
ဒီအဖြစ်အပျက်ဟာ အင်္ဂလန်နိုင်ငံမှာ ဇူလိုင် ၂၄ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီး စီစီတီဗွီကင်မရာမှတဆင့် ဖမ်းယူရရှိခဲ့တာပါ။
ကားသူခိုးအမျိုးသားဟာ ကားပါကင်ထဲမှာ မယောင်မလည်နဲ့ အချိန်အကြာကြီး ရှိနေခဲ့ချိန်မှာ ကားတွေကိုဖွင့်ဖို့ ကြိုးစားနေခဲ့ရင်း လှည့်ပတ်သွားလာနေခဲ့တာကို တွေ့ရပါတယ်။
ဒါပေမယ့် လူတွေရောက်လာလိုက်၊ ကားတွေဝင်လာလိုက်နဲ့ ရှိနေခဲ့တာမို့ အစပိုင်းမှာတော့ အဆင်မပြေခဲ့ပါဘူး။
တကြိမ်မှာတော့ သူဟာ ကားတစီးနားရောက်ခဲ့ကာ တံခါးကိုဖွင့်ဖို့ ကြိုးစားနေခဲ့ချိန်မှာ ရုတ်တရက်ပဲ MMA လက်ဝှေ့သမားက ရောက်လာခဲ့တာပါ။
အဲဒီအချိန်မှာ လက်ဝှေ့သမားက ဒေါသထွက်သွားခဲ့ကာ သူ့မှာပါလာတဲ့ ကျောပိုးအိတ်ကို ပစ်ချပြီး သူခိုးဆီ တိုက်ခိုက်ဖို့ ပြေးသွားခဲ့တာပါ။
သူခိုးဟာ အငိုက်မိခဲ့ပြီး ဘာမှမတတ်နိုင်တော့ဘဲ ထိုးကြိတ်သမျှခံခဲ့ရကာ မြေပြင်မှာ အလူးအလဲ ခံခဲ့ရတာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
အဲဒီနောက် အချိန်အနည်းငယ်အတွင်းမှာပဲ ကားပါကင်တွင်း တခြားသူတွေပါ ရောက်ရှိလာခဲ့ကြချိန်မှာတော့ ကားသူခိုးကို ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ကြပါတယ်။
6 years Ago