ကားသင်္ချိုင်း

March 30, 2018

ထောင်သောင်းချီသည့်ကားများ စွန့်ပစ်ထားရာ ဗောက်စ်ဝက်ဂွန်ကားသင်္ချိုင်း (ရုပ်သံ)

နာမည်ကြီး ကမ္ဘာကျော်ကားကုမ္ပဏီ တခုဖြစ်တဲ့ ဗောက်စ်ဝက်ဂွန်က ထုတ်လုပ်လိုက်တဲ့ ကားတွေဟာ ဒီဇယ်ထုတ်လွှတ်မှု များတယ်ဆိုပြီး လူထူအုံကြွမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ ကားတွေကို ပြန်သိမ်းခဲ့ရပါတယ်။ ဂျာမန်ကားကုမ္ပဏီဟာ ကားစီးရေ ၃ သိန်းခွဲနီးပါးကို လျော်ကြေးပေး ပြန်ဝယ်ယူခဲ့ရပြီး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၇ ဒသမ ၄ ဘီလီယံ သုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ကုမ္ပဏီအနေနဲ့ ဒီကားတွေကို နေရာချထားမယ့် နေရာ ၃၇ ခုကို စီစဉ်ခဲ့ရပြီး ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဲဒီ ပြန်ရုပ်သိမ်းလိုက်တဲ့ ကားတွေကို ကယ်လီဖိုးနီးယား ပြည်နယ်ထဲမှာ စွန့်ပစ်သိုလှောင်ထားတဲ့ ကားသင်္ချိုင်းကို တွေ့ရမှာပါ။ ဗောက်စ်ဝက်ဂွန်ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရသူ တဦးကတော့ ဒီကားတွေကို အချိန်အတိုင်းအတာတခုထိ ခုလို ထားရှိရမှာဖြစ်ကာ ပြန်လည်ပြင်ဆင်မှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
3 years Ago
Up