ကားလျှိုထဲကျ

July 2, 2018

အိန္ဒိယတွင် ခရီးသည်တင် ကားတစီး လျှိုထဲ ထိုးကျ၊ ၅၁ ဦး သေ

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာရက်ခန်ပြည်နယ်မှာ ဇူလိုင်လ ၁ ရက်နေ့က ခရီးသည်တင် ဘတ်စ်ကားတစီး လမ်းချော်ပြီး လျှိုတခုအတွင်း ထိုးကျခဲ့တာကြောင့် လူ ၄၈ ဦး သေဆုံးခဲ့ပါတယ်။ ဘတ်စ်ကားပေါ်မှာ ခရီးသည် ၆ဝ လိုက်ပါလာခဲ့ပြီး ၄၅ ဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ ဥတာရက်ခန်ပြည်နယ် ရဲအရာရှိ တဦးက ပြောပါတယ်။ အဲဒီနောက် ကျန်ခရီးသည် ၁၅ ဦးကို ဆေးရုံပို့ဆောင်ခဲ့ပြီး ဆေးရုံမှာ နောက်ထပ် ၃ ဦး သေဆုံးခဲ့တယ်လို့လည်း အဆိုပါရဲအရာရှိက ပြောခဲ့ပါတယ်။ ဘတ်စ်ကားပေါ်မှာ ခရီးသည် အဆမတန်  တင်ဆောင်လာတဲ့အတွက် ယာဉ်မတော်မဆမှု ဖြစ်ရတယ်လို့ ဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။
3 years Ago
Up