ကားလို့စ် အယ်လ်ဘာတို

A d v e r t i s e m e n t With Us

October 27, 2016

ဘရာဇီးဂန္ထဝင်နောက်တန်းကစားသမား ကားလို့စ် အယ်လ်ဘာတို နှလုံးရောဂါဖြင့် ကွယ်လွန်

  ၁၉၇၀ ကမ္ဘာ့ဖလားချန်ပီယံဆုရ ဘရာဇီးအသင်းရဲ့ ဂန္ထဝင်နောက်တန်းကစားသမား ကားလို့စ် အယ်လ်ဘာတိုဟာ နှလုံးရောဂါကြောင့် ရီယိုဒီဂျနေးရိုးမြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်ရှိတဲ့ ညာနောက်ခံကစားသမား ကားလို့စ် အယ်လ်ဘာတိုဟာ ၁၉၇၀ ကမ္ဘာ့ဖလားမှာ ဘရာဇီးအသင်းအတွက် ချန်ပီယံဆုရယူခဲ့ရာမှာ အသင်းခေါင်းဆောင်အနေနဲ့ ပါဝင်ခဲ့သူဖြစ်ပြီး အီတလီနဲ့ ပွဲမှာ သွင်းယူခဲ့တဲ့ သူရဲ့ဂိုးကလည်း အကောင်းဆုံးဂိုးတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ အယ်လ်ဘာတိုဟာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ၅၃ ပွဲကစားခဲ့သူဖြစ်ပြီး ဘရာဇီးကလပ်တွေဖြစ်တဲ့ ဖလူမီးနက်စ်နဲ့ ဆန်းတို့စ်အသင်းတွေမှာလည်း ပွဲပေါင်း ၄၀၀ ကျော်ကစားခဲ့ပါတယ်။ ဘရာဇီးဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ ပီလီ၊ ဂျာဇင်ဟို၊ တော့စ်တာအို၊ ရီဗယ်လီနိုတိုနဲ့ အတွဲညီခဲ့တဲ့ ကာ့းလို့စ် အယ်လ်ဘာတိုဟာ ဘရာဇီး၊ မြောက်အမေရိက၊ အိုမန်နဲ့ အဇာဘိုင်ဂျန်ကလပ်တွေမှာလည်း နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၀၅ ခုနှစ်က နည်းပြ ဘဝကနေ အနားယူခဲ့တာဖြစ်ပါတယ်။
4 years Ago
Up