ကားလို့စ်ဗီလာ

January 21, 2019

ဘာစီလိုနာနှင့်အပြောင်းအရွှေ့ကိစ္စ စောင့်ကြည့်သွားမည်ဟု ကားလို့စ်ဗီလာပြော

ဘာစီလိုနာအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေအပေါ် ဘာဖြစ်မလဲ စောင့်ကြည့်သွားရမယ်လို့ တိုက်စစ်မှူး ကားလို့စ်ဗီလာက ပြောကြားလိုက်ပါတယ်။ ဘာစီလိုနာအသင်းဟာ အခုနှစ်ဇန်န၀ါရီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူးတဦးခေါ်ယူဖို့ ကြိုးပမ်းနေပြီး မေဂျာလိဂ်ကလပ် လော့စ်အန်ဂျလီအသင်းက မက္ကဆီကို တိုက်စစ်မှူး ကားလို့စ်ဗီလာကို ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။ အပြောင်းအရွှေ့ကိစ္စတွေကို အသင်းနဲ့ အေးဂျင့်ဖြစ်သူက လုပ်ဆောင်တာဖြစ်ပြီး သူ့အနေနဲ့တော့ လက်ရှိအသင်းမှာ အကောင်းဆုံးကစားနိုင်ဖို့ပဲ အာရုံစိုက်ထားပြီး အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာကတော့ စောင့်ကြည့်သွားရမယ်လို့ ကားလို့စ်ဗီလာက ပြောကြားခဲ့ပါတယ်။ အသက် ၂၉ နှစ်ရှိ အာဆင်နယ်တိုက်စစ်မှူးဟောင်း ကားလို့စ်ဗီလာဟာ  ၂၀၁၂ ခုနှစ်မှာ ဆိုစီဒက်အသင်းဆီပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က အမေရိကန်မေဂျာလိဂ်ကလပ် လော့စ်အန်ဂျလီအသင်းဆီ ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။ ဗီလာဟာ လော့စ်အန်ဂျလီအသင်းမှာ စုစုပေါင်း ၃၂ ပွဲကစားအပြီးမှာ ၁၅ ဂိုး သွင်းယူထားပါ တယ်။
2 years Ago
Up