ကားလုသည့်ရုပ်သံ

December 23, 2016

ဂိုဏ်းစတားအဖွဲ့က ကားပိုင်ရှင်ကို အုပ်စုဖွဲ့ရိုက်ပြီး ကားလုသည့်ရုပ်သံ ရဲတပ်ဖွဲ့ဖြန့်ချိ (ရုပ်သံ)

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂမ်မြို့မှာ ကားပိုင်ရှင်အမျိုးသားတဦးကို အုပ်စုဖွဲ့ရိုက်နှက်ပြီး ကားလုထွက်ပြေးခဲ့ကြတဲ့ ဂိုဏ်းစတားအဖွဲ့ကို ရဲက ရှာဖွေနေတယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အသက် ၄၁ နှစ်အရွယ် အဲဒီကားပိုင်ရှင်အမျိုးသားဟာ သူ့ရဲ့နေအိမ်ရှေ့ ကားရပ်နားမယ့်နေရာမှာ ရှိနေချိန် ပြစ်မှုကျူးသူတွေထဲက တဦးက သူ့အနားကို ရောက်လာခဲ့ပြီး သူ့ကားသော့ကို တောင်းခဲ့တယ်လို့ ဆိုပါတယ်။ ကားပိုင်ရှင်အမျိုးသားရဲ့ နေအိမ်ဟာ လစ်ဗင်းစတုန်းလမ်းမပေါ်မှာ ရှိနေတာဖြစ်ပြီး ခုလို ရုတ်တရက်ကြုံတွေ့ရချိန်မှာ သူ့အိမ်ရှေ့တံခါးဆီ ပြန်ပြေးဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် မအောင်မြင်ဘဲ တခြားအပေါင်းအပါတွေ ရောက်လာခဲ့ပြီး သူ့ကို ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြကာ မြေပြင်ပေါ် တွန်းလှဲခံခဲ့ရတာပါ။ အဲဒီနောက်တော့ သူ့ရဲ့ကားသော့ကို ယူဆောင်ကာ ကားကို ခိုးယူမောင်းပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ကံကောင်းထောက်မစွာပဲ ကားပိုင်ရှင်အမျိုးသားမှာတော့ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ လက်ရှိမှာတော့ မောင်းယူထွက်ပြေးသွားခဲ့တဲ့ အော်ဒီ Audi SQ-5 အမျိုးအစားကားကို ပြန်လည်တွေ့ရှိခဲ့ပြီး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ရဲတွေက ထုတ်ပြန်ကြေညာထားပါတယ်။ ရဲတွေရဲ့အဆိုအရ အဆိုပါ ဂိုဏ်းစတားအဖွဲ့ဟာ ကားကို အယ်လ်ဆက်စ်တာ လမ်းမကြီးအတိုင်း မောင်းနှင်သွားခဲ့ပြီး ဘရဲန်းဒ်ဝုဒ်လမ်းဆီ ဦးတည်မောင်းနှင်ခဲ့ပုံရတယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ စီစီတီဗွီကင်မရာမှတဆင့် ဖမ်းယူရရှိတဲ့ ရုပ်သံမှတ်တမ်းကို ထုတ်ပြန်ထားပြီး သံသယရှိတဲ့ တရားခံတွေကို တွေ့ရှိရင် ဆက်သွယ်အကြောင်းကြားပေးဖို့ ထုတ်ပြန်ထားပါတယ်။
5 years Ago
Up