ကားလို့စ်ဗင်နီဆီးယက်စ်

October 1, 2020

ဘင်ဖီကာတိုက်စစ်မှူး ဗင်နီဆီးယက်စ်ကို အငှားဖြင့် ခေါ်ယူရန် စပါးအသင်း နီးစပ်

စပါးအသင်းဟာ ဘင်ဖီကာက ဘရာဇီးတိုက်စစ်မှူး ကားလို့စ်ဗင်နီဆီးယက်စ်ကို အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။  အသက် ၂၅ နှစ်ရှိ တိုက်စစ်မှူး ဗင်နီဆီးယက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ဘင်ဖီကာအတွက် ၂၄ ဂိုး သွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။  ပြီးခဲ့တဲ့နှစ် နွေရာသီအပြောင်းအရွှေ့ကမှ နာပိုလီကနေ ပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဗင်နီဆီးယက်စ်ကို ဘင်ဖီကာအသင်းက စာချုပ်ဖျက်သိမ်းကြေး ပေါင် ၈၉ သန်း ထည့်သွင်းချုပ်ဆိုထားတာပါ။  လက်ရှိအချိန်မှာတော့ ဘင်ဖီကာအသင်းဘက်က ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲတွေ ရှိတာကြောင့် ဗင်နီဆီးယက်စ်ကို ရောင်းချဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။  စပါးအသင်းနဲ့လည်း အပြီးသတ်ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး  အငှားစာချုပ်နဲ့ အရင် ပြောင်းရွှေ့ခွင့်ပြုပြီးမှ ရာသီအကုန်မှာ အပြီးသတ်ခေါ်ယူခွင့်ပါ တပါတည်း ပါရှိမယ်လို့ သိရပါ တယ်။  စပါးအသင်းဟာ အထောင်တိုက်စစ်မှူးနေရာမှာ ဟယ်ရီကိန်းတဦးသာရှိတာကြောင့် ဗင်နီဆီးယက်စ်ကို အရန်သင့်အသုံးပြုဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ 
7 months Ago
Up