အာဂျင်တီးနားတိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်ဟာ ဘိုကာဂျူနီယာအသင်းနဲ့ ၁ နှစ်သက်တမ်းတိုး စာချုပ်ချုပ် ဆိုလိုက်ပါတယ်။
အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ တီဗက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက ၉ ဂိုးသွင်းခဲ့ပြီး ဘိုကာဂျူနီယာမှာ ဂိုးအများဆုံး ကစားသမားဖြစ်ခဲ့တာပါ။
တီဗက်ဇ်ဟာ တနှစ်သက်တမ်းတိုးခဲ့တဲ့အပြင် နောက်ထပ် ၆ လစာချုပ်ပါ သက်တမ်းတိုးခွင့်ရှိပြီး အသက် ၃၇ နှစ်အထိ ဘောလုံးဆက်ကစားနေမှာဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်းကနေ မန်ယူနဲ့ မန်စီးတီးအသင်းတွေမှာ အောင်မြင်မှုရခဲ့တဲ့ တီဗက်ဇ်ဟာ ဂျူဗင်တပ်နဲ့ တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာ အသင်းတွေမှာလည်း ပြောင်းရွှေ့ကစားခဲ့ဖူးပါတယ်။
၂၀၁၈ ခုနှစ်မှာ ဘိုကာဂျူနီယာအသင်းကို ၃ ကြိမ်မြောက် ပြောင်းရွှေ့ခဲ့ပြီး လက်ရှိအချိန်ထိ ဆက်ကစားနေတာဖြစ်ပါတယ်။
တီဗက်ဇ်ဟာ ကစားသမားဘ၀တလျှောက် ပရီးမီးယားလိဂ်ချန်ပီယံ ၃ ကြိမ်၊ စီးရီးအေချန်ပီယံ ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ် အပါအဝင် စုစုပေါင်း ဆုဖလား ၂၅ လုံး ရယူထားပါတယ်။
3 years Ago