ကားလမ်းမ

February 8, 2020

စစ်တွေမြို့ ရွှေမင်းဂံရွာ ကားလမ်းမတွင် မိုင်းပေါက်ကွဲ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွှေမင်းဂံရွာ ကျေးတောပိုက်ဆိပ်အလွန် ကားလမ်းမမှာ ဒီကနေ့ မနက်ပိုင်း ၁၁ နာရီ ၁၅ မိနစ်လောက်က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ အမည်မဖော်လိုသူ ရဲအရာရှိတဦးက ဒီဗွီဘီကိုပြောပါတယ်။ “တပ်မတော်ယာဉ်တန်းသွားတာကို မိုင်းဆွဲတာ၊ တပ်မတော်ယာဉ်တန်း သုံးစီး သွားတာလို့ ပြောတယ်။ အဲဒီမှာ နောက်ဆုံးကားကို ထိတယ်။ သေဆုံးဒဏ်ရာ ရအခြေအနေကိုတော့  ကျနော်တို့ မသိဘူး။ အဲဒီလောက်ပဲ ပြောလို့ရမယ်။ ဖြစ်စဉ်က မှန်တယ်” လို့ စစ်တွေမြို့က အမည်မဖော်လိုသူ ရဲအရာရှိတဦးက ဒီဗွီဘီကိုပြောပါတယ်။ မိုင်း ၆ လုံးမှာ ၄ လုံးပေါက်ကွဲခဲ့တာဖြစ်ဖြစ်ပြီး မပေါက်ကွဲသေးတဲ့ မိုင်းနှစ်လုံးကိုတော့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက မိုင်းရှင်းလင်းလင်းရေး လုပ်ဆေင်နေတယ်လို့ အမည်မဖော်လူသူ ရဲအရာရှိက ဆက်လက်ပြောပါတယ်။ အခုကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်သွယ်နေပေမယ့် မရသေးပါဘူး။
1 year Ago
Up