ကားလမ်း

May 9, 2020

ကမမောင်း-ဖာပွန် ကားလမ်းကို ကေအန်ယူက ယာယီပိတ်ထား

ဖာပွန်ခရိုင်မှာ တပ်မတော်နဲ့ ကေအန်ယူ တပ်မဟာ ၅ တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် မေ ၈ ရက် ညနေပိုင်းကစတင်ပြီး ကမမောင်း-ဖာပွန် ကားလမ်းမကြီးကို ကေအန်ယူဘက်က ယာယီပိတ်ထားလိုက်တယ်လို့ တပ်မဟာ ၅ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစောအယ်ဒိုထူးက  မေ ၉ ရက်နေ့မှာ ဒီဗွီဘီကို ပြောပါတယ်။ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် နှစ်ဖက်တပ် လှုပ်ရှားသွားလာနေတဲ့အတွက် ပြည်သူလူထုတွေ ကြားမညပ်အောင်နဲ့ ထိခိုက်မှုမရှိအောင် ကမမောင်း-ဖာပွန်ကားလမ်းမကြီးကို ယာယီပိတ်ထားလိုက်တယ်လို့ ဆိုပါတယ်။ “လမ်းကြောင်းပိတ်တာက ယာယီပိတ်ထားတာ။ တဖက်နဲ့တဖက် လှုပ်ရှားမှုတွေရှိတဲ့အခါ ပြည်သူလူထုတွေ သွားလာလို့ရှိရင် ကြားညပ်မှာစိုးလို့။ တရက် နှစ်ရက်လောက်ပါပဲ။ လှုပ်ရှားသွားလာမှုတွေ နဂိုအတိုင်းပြန်ဖြစ်ရင် ပြန်ဖွင့်မှာပါ”လို့ ပြောပါတယ်။ ဖာပွန်ခရိုင်ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်း COVID-19 ကာကွယ်တားဆီးရေး ရောဂါစစ်ဆေးရေးစခန်းဖွင့်လှစ်ပြီး ဖြတ်သန်းသွားလာသူတိုင်းကို ကျန်းမာရေးစစ်ဆေးတာ အပူချိန်တိုင်းတာ လက်ဆေးတာတွေ စတဲ့ကျန်းမာရေး​စစ်ဆေးမှုတွေကို ပြုလုပ်နေတာပါ။ ဒီလိုလုပ်ဆောင်​နေတဲ့အပေါ် တပ်မတော်က ဝင်ရောက်ဟန့်တားခဲ့တာကြောင့် နှစ်ဖက်တင်းမာမှု ဖြစ်ပွားပြီး တိုက်ပွဲတွေဖြ စ်ပွားခဲ့တာပါ။ မေ ၆ ရက်နေ့က စတင်ပြီး ကေအန်ယူနဲ့ တပ်မတော်တို့ကြား ပစ်ခတ်မှု ၃ ကြိမ် ဖြစ်ပွားခဲ့သလို့ နှစ်ဖက်တပ်လှုပ်ရှားမှုတွေလည်း ရှိနေတဲ့အတွက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလာမှုကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ဖာပွန်ခရိုင်၊ ဒွဲလုံမြို့နယ်၊ လေးဖိုးထားအုပ်စုအတွင်းက ဝါသိုးခိုကျေးရွာနဲ့ ကတိုင်တိကျေးရွာအုပ်စု ဖားလုံး လမ်းသွယ်မှာ နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲ​တွေကြောင့် ဝါးသိုးခိုကျေးရွာက သေခံပြည်သူတွေဟာ ကျေးရွာတွင်း နေထိုင်မရဲတော့တဲ့အတွက် နီးစပ်ရာဆွေမျိုးတွေရှိရာနဲ့ တောထဲကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ နှစ်ဖက်တိုက်ပွဲတွေ၊ လမ်းပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီး တပ်မတော်(ရတခ) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးမောင်မောင်လတ်ကို ဆက်သွယ်မေးမြန်းပေမယ့် မေးမြန်းခွင့်မရခဲ့ပါဘူး။ ရဲမင်းခေါင်
1 year Ago

November 3, 2019

သိန္နီ-ကွမ်းလုံ ကားလမ်းပေါ် ယာဉ်နှစ်စီးတိုက်မိ၊ ၁ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီ-ကွမ်းလုံ ကားလမ်းပေါ်မှာ နိုဝင်ဘာ ၂ ရက် မွန်းလွဲပိုင်းက ယာဉ်နှစ်စီး တိုက်မိတာကြောင့် ၁ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ကွမ်းလုံကနေ သိန္နီကို ကျော်လင်း မောင်းနှင်လာတဲ့ 7H/×××× Fuso ၁၂ ဘီးယာဉ်ဟာ သိန္နီမြို့နယ် မိုင်းပွန်ရွာအနီး အဲဒီလမ်းပေါ်မှာ အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောက ဦးသန်းတင့်စိုး မောင်းနှင်လာတဲ့ 9H/×××× Wish ယာဉ်ကို ဝင်တိုက်မိခဲ့တာလို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ယာဉ်တိုက်မှုကြောင့် ဦးသန်းတင့်စိုး မောင်းနှင်လာတဲ့ ယာဉ်ပေါ်က အသက် ၃၄ အရွယ် ဦးရန်ဖိန်းရင် ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာရသူ ၄ ဦးထဲက ၂ ဦး အခြေအနေစိုးရိမ်ရပြီး သိန္နီမြို့ပြည်သူ့ဆေးရုံကို တင်ပို့ထားတယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ ယာဉ်မောင်း ကျော်လင်းကို နမ့်စလပ်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။
2 years Ago
Up