ကားလမ်းမပေါ် ကစားစရာကားဖြင့် သွားနေသည့် ကလေးငယ်ကို ရဲကယ်တင်

November 1, 2016

ကားလမ်းမပေါ် ကစားစရာကားဖြင့် သွားနေသည့် ကလေးငယ်ကို ရဲကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံမှ လူသူရှုပ်ထွေးတဲ့ ကားလမ်းမကြီးတခုပေါ်မှာ ကလေးငယ်တဦးဟာ သူ့ရဲ့ ကစားစရာအရုပ်ကားနဲ့ ဖြတ်သွားနေခဲ့လို့ တာဝန်ကျယာဉ်ထိန်းရဲက ကယ်တင်ခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ဇီကျန်းခရိုင်၊ လီရွှီမြို့ရဲ့ ယာဉ်အသွားအလာရှုပ်ထွေးတဲ့ လမ်းမကြီးတခုပေါ်မှာ ဖြစ်ခဲ့တာလို့ စီစီတီဗွီသတင်းမှာ အောက်တိုဘာ ၃၁ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ကလေးငယ်ဟာ ကားတွေ ယာဉ်တွေကြားမှာ သူ့ရဲ့ ကစားစရာ အရုပ်ကားနဲ့ လျှောက်မောင်းနေခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာပဲ တာဝန်ကျ ယာဉ်ထိန်းရဲအရာရှိက သူ့ကို အမြန်ကယ်တင်လိုက်နိုင်ခဲ့တာပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ခ်ျအို) ရဲ့ တရုတ်နိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဘားနဒ်ရှဝါလဲန်ဒါက တရုတ်နိုင်ငံမှာ လမ်းမပေါ်မှ မတော်တဆမှုတွေကြောင့် နှစ်စဉ် ကလေး ၁၀၀၀ ကျော် သေဆုံးနေရပြီး သူတို့ထဲက သုံးပုံတပုံဟာ လမ်းသွားလမ်းလာတွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။
6 years Ago
Up