ကားမှန်ကြားတွင် ညပ်နေသူအမျိုးသားအမှု ရဲက စုံစမ်း (ရုပ်သံ)

A d v e r t i s e m e n t With Us

August 12, 2016

ကားမှန်ကြားတွင် ညပ်နေသူအမျိုးသားအမှု ရဲက စုံစမ်း (ရုပ်သံ)

တရုတ်နိုင်ငံမြောက်ပိုင်း ဟေလောင်ဂျင်းခရိုင်မှာ လူတဦးဟာ ကားရဲ့ရှေ့မှန်ထဲမှာ ညပ်နေတဲ့ ဖြစ်ရပ်ကို ရဲတွေက စုံစမ်းစစ်ဆေးနေပါတယ်။ သြဂုတ် ၁၁ ရက်က ကားက ၀မ်ကွေး စီရင်စုကနေ ဆူဟာမြို့ကို ထွက်ခွာလာရာမှာ ဆူဟာမြို့လယ် မူလတန်းကျောင်း အရောက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကားပေါ်က လိုက်ပါစီးနင်းတဲ့သူတွေကတော့ အဲဒီလူဟာ ကားမှန်ကို ၂ ကြိမ် ၀င်တိုက်ခဲ့ပြီး ဒုတိယအကြိမ်မှာ မှန်ကကွဲသွားပြီး ညပ်နေတာလို့ ဆိုပါတယ်။ ကယ်ဆယ်ရေးသမားတွေ ရောက်လာပြီး မှန်ကြားထဲညပ်နေတဲ့ အမည်မသိရသေးတဲ့ လူကို ကယ်ဆယ်လိုက်ပါတယ်။ မှန်ကြားထဲမှာ ညပ်နေတဲ့သူကတော့ ခြစ်မိတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး သွေးအလွန်ထွက်နေတယ်လို့ ဆိုပါတယ်။ ကားမှန်ကို ဘာကြောင့် ခွဲဖို့ကြိုစားသလဲဆိုတဲ့ အကြောင်းအရင်းကိုတော့ မသိရှိရသေးဘဲ ကားမှန်ကို ကိုယ်နဲ့ တိုက်ခွဲဖို့ ကြိုးစားတဲ့သူ စိတ်ပုံမှန် ရှိမရှိ စစ်ဆေးနေပါတယ်။
5 years Ago
Up