ကားမှန်ကို ခေါင်းဖြင့်တိုက်၊ လက်သီးဖြင့်ထိုးခွဲရန် ကြိုးစားသူကို ဖမ်းဆီး (ရုပ်သံ)

August 7, 2016

ကားမှန်ကို ခေါင်းဖြင့်တိုက်၊ လက်သီးဖြင့်ထိုးခွဲရန် ကြိုးစားသူကို ဖမ်းဆီး (ရုပ်သံ)

အင်္ဂလန်နိုင်ငံမှာ အမျိုးသားတဦးဟာ သွားနေတဲ့ မာစီဒီးစ်ကားတစီးရဲ့ ကား ဘောနက်ပေါ်တက်ပြီး ကားမှန်ကို ထိုးနှက်ထုရိုက်ပြီး ခေါင်းနဲ့တိုက်ခွဲဖို့ ဒေါသတကြီး ပြုမူတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလောရေပန်းစားနေပါတယ်။ ဒီအဖြစ်အပျက်ဟာ လီဆက်စတာမြို့လယ်ခေါင်၊ စိန့်မာဂရက်လမ်းမကြီးပေါ်မှာ နေ့ခင်းကြောင်တောင်အချိန် ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ လမ်းသွားလမ်းလာတွေရဲ့အဆိုအရ မာစီဒီးစ်ကားဟာ လမ်းမီးပွိုင့်စောင့်နေချိန်မှာ အဆိုပါအမျိုးသားက ကားဘောနက်ပေါ်တက်ခဲ့တာဖြစ်ပြီးသူဟာ အရှေ့ဥရောပနိုင်ငံသားတဦးဖြစ်မယ်လို့ ပြောကြပါတယ်။ အချိန် ၂၈ စက္ကန့်သာ ကြာမြင့်တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို တွစ်တာအင်တာနက်လူ မှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာတော့ ရေပန်းစားနေခဲ့တာလို့ ဆိုပါ တယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အဆိုပါအမျိုးသားဟာ ကားမှန်ကို ဒေါသတကြီးထိုးနှက်နေ ချိန်မှာ ကားမောင်းသူဟာ ကားကို ဖြေးဖြေးပဲ မောင်းနေခဲ့တာကို တွေ့ရပါတယ်။ ဘေးကကားတွေဟာ ဒီအဖြစ်အပျက်ကို မြင်နေခဲ့ရပြီး ဖြတ်ကျော်မောင်းနှင်သွား ခဲ့ကြရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ သြဂုတ်လ ၄ ရက်နေ့နေ့လည်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်ဟာ ဘာကြောင့် ဖြစ်ရတယ်ဆိုတာမသိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဆိုပါလူရမ်းကား အမျိုးသားကို ရဲတွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်လိုက်တာပါ။ သူဟာ တခြားကားတွေကိုလည်း ခုလိုဖျက်ဆီးနှောင့်ယှက်တာတွေ လုပ်ခဲ့ပြီး ဖမ်းဆီးခံခဲ့ရဖူးတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သူ့ကို ဆေးရုံကို ပို့ဆောင်စစ်ဆေးနေတယ်လို့ သတင်းမှာ ဖော် ပြပါတယ်။
5 years Ago
Up