ကားမှန်

February 23, 2017

ပါးစပ်သရမ်း စော်ကားသူများ၏ ကားမှန်ကို ဖျက်ဆီးခဲ့သည့် မိန်းကလေး (ရုပ်သံ)

မီးပွိုင့်မိစဉ် ဗန်ကားတစီးပေါ်မှလူက စက်ဘီးစီးမိန်းကလေးတဦးကို  ပါးစပ်သရမ်းပြီး ညစ်ညမ်းစကားတွေ ပြောခဲ့တဲ့အတွက် အဲဒီမိန်းကလေးက ဗန်ကားရဲ့ နောက်ကြည့်မှန်ကို ပြုတ်ထွက်သွားအောင် ဖျက်ဆီးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ဖြစ်ခဲ့ပြီး ဗန်ကားပေါ်မှလူက မိန်းကလေးကို ညစ်ညမ်းစကားတွေပြောကာ ဖုန်းနံပါတ်တောင်းခဲ့တယ်လို့ The Sun သတင်းတပုဒ်မှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဖော်ပြပါတယ်။ ဒီဖြစ်စဉ်ကို နောက်ကနေပါလာတဲ့ ဆိုင်ကယ်မောင်းသမားရဲ့ ကင်မရာကနေ ရိုက်ကူးခဲ့တာပါ။ လန်ဒန်မြို့ လမ်းတခုပေါ်မှာ မီးပွိုင့်မီးနီနေလို့ စက်ဘီးစီး မိန်းကလေးက ဗင်ကားရဲ့ဘေးမှာ ယှဉ်ရပ်သား ဖြစ်ခဲ့တာပါ။ အဲဒီအချိန် ဗင်ကားပေါ်ကလူတွေက သူမကို “ဖုန်းနံပါတ်ပေးပါ၊ ဘယ်ကျောင်းက ထွက်တာလဲ” စတာတွေအပြင် တခြား ညစ်ညမ်းစကားတွေပြောပြီး ကောင်မလေးရဲ့ပခုံးကို ထိကိုင်ဖို့ ကြိုးစားခဲ့ကြပါသေးတယ်။ မီးစိမ်းလို့ ကားထွက်သွားတဲ့အချိန်မှာ စက်ဘီးစီးမိန်းကလေးက ဗင်ကားနောက်ကိုလိုက်ပြီး ကားဘေးမှာ စက်ဘီးရပ်ကာ ကားရဲ့နောက်ကြည့်မှန်ကို အားနဲ့ ဆွဲဖြုတ်ဖျက်ဆီးပြီး “နင်တို့လို လူဖျင်းလူသွမ်း အလကား ဆန်ကုန်မြေလေးတွေအတွက် ထိုက်တန်တာ ဒါပဲ” လို့ ပြောပြီး  စက်ဘီးနင်းထွက်ခွာသွားတာကို ရုပ်သံထဲမှာ တွေ့ရပါတယ်။
4 years Ago
Up