ကားမီးလောင်ကျွမ်းချိန်

June 16, 2017

ကားမီးလောင်ကျွမ်းချိန် ခုန်ချကျန်နေခဲ့လို့ ကံသီလွတ်မြောက်ခဲ့သည့် ယာဉ်မောင်း (ရုပ်သံ)

တရုတ်နိုင်ငံ လမ်းမတခုပေါ်မှာ ဗဲန်ကားတစီးကို မောင်းနှင်လာတဲ့ အမျိုးသားတဦးဟာ ကားအင်ဂျင်ကနေ မီးစတင်လောင်ကျွမ်းချိန်မှာ ခုန်ချကျန်နေခဲ့တဲ့အတွက် အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ဇွန် ၁၂ ရက်နေ့ နေ့လယ်ပိုင်းက ဂွမ်ဒေါင်းခရိုင်၊ ဒေါင်ဂွမ်မြို့မှာ ဖြစ်ခဲ့တာလို့ စီဂျီတီအဲန်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဲဒီအမျိုးသားဟာ ကားပေါ်ကနေ ခုန်ချကျန်နေခဲ့ပြီးနောက် ကားကတော့ အထိန်းအချုပ်မဲ့ ဆက်သွားနေခဲ့ကာ ရပ်နားထားတဲ့ ကားတွေကို ၀င်တိုက်မိခဲ့ပြီး မီးလောင်ကျွမ်းခဲ့ပါတယ်။ ဒီမီးလောင်ကျွမ်းမှုမှာ အချိန်နာရီဝက်လောက်ကြာအောင် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ရပြီးမှ မီးငြိမ်းသတ်နိုင်ခဲ့ကာ ကား ၇ စီး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up