ဇင်ဘာဘွေနိုင်ငံ တောင်ပိုင်းမှာ နိုဝင်ဘာလ ၁၆ ရက်နေ့က ဘတ်စ်ကားတစီး မီးလောင်ကျွမ်းခဲ့တာကြောင့် အနည်းဆုံး လူ ၄၂ ဦး သေဆုံးပြီး ၂၀ ကျော်ကို ဆေးရုံပို့ဆောင် ခဲ့ရတယ်လို့ နိုင်ငံပိုင် ZEC သတင်းဌာနက ကြေညာပါတယ်။
ညလုံးပေါက် မီးလောင်ခဲ့တဲ့ ဘတ်စ်ကားပေါ်က ခရီးသည်ရုပ်အလောင်းတွေကို ရဲတပ်ဖွဲ့ဝင်တွေ ဆွဲထုတ်ခဲ့ရတယ်လို့လည်း ZEC သတင်းဌာနက ဆိုပါတယ်။
ဘတ်စ်ကားမီးလောင်နေပုံနဲ့ မီးလောင်ရာနေရာကို ရှေးဦးသူနာပြုအဖွဲ့ ရောက်ရှိနေတဲ့ ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာ ၀က်ဘ်ဆိုက်မှာ မြင်တွေ့ရပါတယ်။
အဲဒီဘတ်စ်ကားဟာ ဘူလာဝေယိုမြို့ကနေ နယ်စပ် ဘိုက်ဘရစ်ဂ်ျမြို့ကို အသွား သန်းခေါင်ယံအချိန် ဘတ်စ်ကားဆီတိုင်ကီ ယိုစိမ့်ပြီးနောက် မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
ဇင်ဘာဘွေနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ဘတ်စ်ကား နှစ်စီး ခေါင်းချင်းဆိုင် တိုက်ခဲ့တာကြောင့် လူ ၅၀ သေဆုံးခဲ့ပါတယ်။
2 years Ago