ကားဘရိတ်​​ပေါက်​ပြီး လမ်း​ဘေး​ရပ်​ထား​သည့် ဆိုင်​ကယ်​နှင့်လူများကို ၀င်တိုက်၊ ၂ ဦး ​သေဆုံး

April 3, 2018

ကားဘရိတ်​​ပေါက်​ပြီး လမ်း​ဘေး​ရပ်​ထား​သည့် ဆိုင်​ကယ်​နှင့်လူများကို ၀င်တိုက်၊ ၂ ဦး ​သေဆုံး

  မကွေးတိုင်းဒေသကြီး ​ချောက်​မြို့မှာ မနေ့ ည​နေ ၆ နာရီခွဲလောက်က ကားတစ်စီး ဘရိတ်​​ပေါက်​ပြီး လမ်း​ဘေးက လူ​ ၄ ဦးနဲ့ ဆိုင်​ကယ်​ ၄ စီးကို ဝင်​တိုက်​မိခဲ့တဲ့အတွက် လူ ၂ ဦး ​သေဆုံးပြီး ၁ ဦး ဒဏ်​ရာပြင်းထန်စွာ ရရှိသွားပါတယ်​။ ယာဉ်​​မောင်း ခိုင်​​ကျော်ေ​မာင်းနှင်​လာ​တဲ့ တံတားအထူးအဖွဲ့ (၃) ​ဆောက်​လုပ်​​ရေး ဝန်​ကြီးဌာန စ​တေကာပါ ၆ ဘီးကားဟာ​ ​ချောက်​​-ဂွေးချိုကားလမ်း ​ချောက်​မြို့ဘက်​သို့ ​မောင်းနှင်​ လာစဉ်​ ​ချောက်​မြို့ `ကြိုဆိုပါ၏´ အဆင်းမှာ​ ဘရိတ်​​ပေါက်​ပြီး လမ်းရဲ့ယာဘက်​သို့ အရှိန်​ မထိန်းနိုင်​ဘဲ ထိုးဆင်းသွားတာပါ။ ဘရိတ်ပေါက်နေတဲ့ ကားဟာ လမ်း​ဘေးမှာ ​ရေတွင်း​ကျေးရွာသို့သွား​ရောက်​ဖို့​ ကား​စောင့်နေတဲ့ ကို​ဇော်​ဝင်း (အသက်​ ၃၅ နှစ်)၊ ကိုမိုး (အသက်​ ၄၅ နှစ်)၊ ကိုမြင့်နိုင်​ (အသက်​ ၄၀ နှစ်)၊ ကိုသိန်းဦး (အသက်​ ၂၅ နှစ်)တို့နဲ့အတူ ရပ်​ထား​တဲ့ ဆိုင်​ကယ်​ ၄ စီးကိုပါ ဝင်​တိုက်​မိပြီး လမ်း​ဘေး​ချောက်​ အတွင်း ထိုးကျခဲ့တယ်လို့ ​ချောက်​မြို့မရဲစခန်းက သိရပါတယ်။ ထိခိုက်​ဒဏ်​ရာရရှိသူတွေကို ​ချောက်​ပြည်​သူ​ဆေးရုံသို့ ပို​ဆောင်​စဉ်​ ကိုမိုးနဲ့ ကို​ဇော်​ဝင်းတို့ ​သေဆုံးပြီး ကိုမြင့်နိုင်​မှာ ပြင်းထန်​ဒဏ်​ရာ(စိုးရိမ်ရ)တွေ ရရှိကာ ကိုသိန်းဦးမှာ တိမ်း​ရှောင်​နိုင်​ခဲ့တဲ့ အတွက် ထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိခဲ့ပါဘူး။ ယာဉ်တိုက်မှုနဲ့ ပတ်​သက်​ပြီး ဘုတလင်​မြို့နယ် တက်​လိုင်း​ကျေးရွာသား ယာဉ်​​မောင်း ခိုင်​​ကျော်​ (အသက်​ ၃၅ နှစ်)ကို ​ယာဉ်​(ပ)၁၁/၂၀၁၈၊ ရာဇသတ်​ကြီးပုဒ်​မ ၃၃၈၊၃၀၄(က)ယာဉ်​မဆင်​မခြင်​ ​မောင်းနှင်မှုနဲ့ ​ချောက်​မြို့မရဲစခန်းက အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ကိုလင်း(​ချောက်​)
3 years Ago
Up