ကားဗုံးဖောက်ခွဲမှု

July 15, 2018

ဆိုမာလီ သမ္မတအိမ်တော်အနီးတွင် ကားဗုံးဖောက်ခွဲမှု ၂ ကြိမ်ဖြစ်၊ ၆ ဦးသေ

ဆိုမာလီယာနိုင်ငံ၊ မိုဂါဒစ်ရှူးမြို့က သမ္မတအိမ်တော်အနီးမှာ ဇွန်လ ၁၄ ရက်နေ့က ကားဗုံးဖောက်ခွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၆ ဦးသေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ သေဆုံးခဲ့သူတွေထဲ က ၅ ဦးဟာ တိုက်ခိုက်သူတွေဖြစ်ပါတယ်။ အခင်းဖြစ်ချိန်မှာ အနီးနားမှာ ရှိနေသူတွေကတော့ သေနတ်သမားနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး မကြာခင်မှာပဲ အရှိန်နဲ့မောင်းလာတဲ့ ကားတစင်းဟာ ငြိမ်းချမ်းရေးပြည်သူ့ ပန်းခြံအဝင်ဝမှာ ပေါက်ကွဲခဲ့တာလို့ ပြောပါတယ်။ နောက်ထပ်ကားဗုံးတလုံးကတော့ ငြိမ်းချမ်းရေးပန်းခြံနဲ့ SYL ဟိုတယ် အနီးနားမှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ SYL ဟိုတယ်ဟာ အစိုးရအရာရှိတွေ တည်းလေ့ရှိတဲ့ ဟိုတယ်တလုံးဖြစ်တယ်လို့ VOA သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up