ကားဗုံးပေါက်ကွဲ

May 27, 2018

ဆီးရီးယားတွင် ကားဗုံးပေါက်ကွဲမှုကြောင့် ၅ ဦးသေ၊ ၄၃ ဦး ဒဏ်ရာရ

ဆီးရီးယားနိုင်ငံ၊ အစ်ဒလစ်မြို့မှာ ကားဗုံးပေါက်ကွဲမှုတခုကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး ၄၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆီးရီးယားအရေး စောင့်ကြည့်တဲ့အဖွဲ့က မေ ၂၆ ရက်နေ့မှာ ပြောပါတယ်။ ဒဏ်ရာရသူတွေထဲမှာ စိုးရိမ်စရာအခြေအနေရှိသူတွေပါလို့ သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။ ကားဗုံးဟာ မြို့လယ်ပိုင်းက အယ်လ်သာလာသင်း လမ်းမှာဖြစ်ခဲ့တာပါ။ ဗုံးကွဲခဲ့တဲ့ အစ်ဒလစ်မြို့ အနောက်မြောက်ပိုင်းဟာ လူဦးရေ အထူထပ်ဆုံးနေရာဖြစ်ပြီး ဆီးရီးယားအစိုးရကို ဖြုတ်ချဖို့ တိုက်နေတဲ့သူပုန်တွေ ခြေကုပ်ယူထားတဲ့နေရာလည်း ဖြစ်ပါတယ်။
3 years Ago
Up