ကားဗုံးကွဲမှု

September 2, 2018

ဆီးရီးယား ကားဗုံးကွဲမှုကြောင့် အနည်းဆုံး ၁ ဦးသေ၊ အများအပြား ဒဏ်ရာရ

ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုပြည်နယ်  အဇက်မြို့မှာ စက်တင်ဘာ ၁ ရက်နေ့က ကားဗုံးကွဲမှု ဖြစ်ခဲ့တာကြောင့် အနည်းဆုံး လူ ၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။ ပေါက်ကွဲမှု ဖြစ်ပြီးနောက်မှာ ဒေသကောင်စီကို  ရွေးကောက်ပွဲတွေ ထပ်မံကျင်းပပေးဖို့ ထိုင်သပိတ်မှောက်  ဆန္ဒပြမှုတွေ ဖြစ်ခဲ့တယ်လို့ ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဆိုပါတယ်။ ကားဗုံးကွဲမှုဟာ တူရကီကျောထောက်နောက်ခံပြု ဆီးရီးယားသူပုန်တွေ ထိန်းချုပ်ရာ ဒေသမှာ ဖြစ်ပွားခဲ့တာပါ။ တူရကီဟာ ၂ဝ၁၆ ခုနှစ်ကတည်းက  သမ္မတ ဘာရှာအယ်အာဆတ်ကို တိုက်နေတဲ့ ဆီးရီးယားသူပုန်တွေကို ထောက်ခံပြီး ကျူးကျော်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဒီလိုလုပ်တဲ့အတွက် တူရကီဟာ နယ်စပ်တစ်လျှောက် နယ်မြေထိန်းချုပ်မှု ရစေပါတယ်။ တူရကီဟာ အဲဒီနယ်မြေကို သိမ်းပိုက်ပြီး တချိန်က နယ်မြေကို ထိန်းချုပ်ခဲ့တဲ့ အိုင်အက်စ်နဲ့ ကာ့ဒ်သူပုန်တွေကို ထိုးစစ်ဆင်ခဲ့ပါတယ်။ တူရကီအစိုးရဟာ သူထောက်ခံတဲ့ အဲဒီဒေသက သူပုန်အဖွဲတချို့ကို စုစည်းပြီး လေ့ကျင့်သင်တန်းပေးနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up