ကားဗုံးဖောက်ခွဲ

A d v e r t i s e m e n t With Us

June 3, 2019

ဆီးရီးယား ဈေးတခုတွင် ကားဗုံးဖောက်ခွဲ၊ ၁၀ ဦးထက်မနည်း သေဆုံး

တူရကီ ကျောထောက်နောက်ခံ ပေးထားတဲ့ သူပုန်တွေက ဆီးရီးယားနိုင်ငံမြောက်ပိုင်းက မြို့တမြို့မှာ ဇွန် ၂ ရက်က ကားဗုံးဖောက်ခွဲခဲ့လို့ လူ ၁၀ ယောက်ထက်မနည်း သေဆုံးတယ်လို့ ကယ်ဆယ်ရေး လုပ်သားတွေနဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက ပြောပါတယ်။ ရာမာဒန် ဥပုသ်လအတွင်း ဥပုသ်ချိန်ပြီးတဲ့ ညနေပိုင်း လူစည်ကားချိန် ဈေးထဲမှာ ဖောက်ခွဲခဲ့တာပါ။ တူရကီနဲ့ နယ်စပ်နားက အာဇက်ဒေသကို ပစ်မှတ်ထားတဲ့ အခုတကြိမ် ဖောက်ခွဲမှုဟာ လတ်တလော လတွေအတွင်း အကြီးဆုံး ဖြစ်ပါတယ်။ ဆီးရီးယားသမ္မတ ဘာရှားအယ်လ် အာဆတ်ကို တိုက်နေတဲ့ သူပုန်အုပ်စုတွေ တပ်စွဲထားတဲ့ တခုတည်းသော အကြီးစားနယ်မြေလည်းဖြစ်လို့ ဧပြီလ နှောင်းပိုင်းတည်းက အစိုးရ ထိုးစစ်တွေရဲ့ ပစ်မှတ်ဒေသလည်း ဖြစ်ပါတယ်။ အဲဒီနေရာမှာ တနင်္ဂနွေနေ့က ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့ စစ်ပွဲစောင့်ကြည့်နေတဲ့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။ ဆီးရီးယားမြောက်ပိုင်းက သူပုန်တွေနဲ့ ကာဒစ်ရှ် မွတ်စလင်တွေ ဦးဆောင်တဲ့တပ်တွေ တပ်စွဲထားတဲ့ အဲဒီဒေသတွေမှာ အိုင်အက်စ်သွေးကြွတွေကလည်း ထပ်ခါတလဲလဲ တိုက်ခိုက်နေတာပါ။ ရုရှားရဲ့ လေကြောင်းပစ်ကူနဲ့ အီရန် ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်သူ့စစ် အုပ်စုတွေကြောင့် သမ္မတ အာဆတ်ဟာ ဆီးရီးယား တနိုင်ငံလုံးနီးပါးကို ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
2 years Ago
Up