ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးမှာ ဖေဖော်ဝါရီ ၄ ရက်နေ့က ကားဗုံးပေါက်ကွဲမှုကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးပြီး ဒီတိုက်ခိုက်မှုဟာ အယ်လ်ရှာဘတ် စစ်သွေးကြွအဖွဲ့လက်ချက် ဖြစ်နိုင်တယ်လို့ လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဟာ ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ လူစည်ကားရာ ဟမ်မာဝိန်းခရိုင်မှာ ဖြစ်ခဲ့တာပါ။
ပေါက်ကွဲမှုကြောင့် ကား ၄ စီးနဲ့ စားသောက်ဆိုင်တဆိုင်လည်း ပျက်စီးခဲ့ပါတယ်။ အယ်ရှာဘတ်အဖွဲ့ဟာ မိုဂါဒစ်ရှူးနဲ့ ဆိုမာလီယာနိုင်ငံ တချို့ဒေသတွေမှာ မကြာခဏဆိုသလို တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။
သူတို့ဟာ အနောက်အုပ်စု ထောက်ခံတဲ့ အစိုးရကို ဖယ်ရှားပြီး တင်းကျပ်တဲ့ ရှီးယားဥပဒေနဲ့ အုပ်ချုပ်လိုတာ ဖြစ်ပါတယ်။
4 years Ago