ကားဗုံးပေါက်ကွဲမှုကြောင့်

August 2, 2019

ယီမင်တွင် ကားဗုံးပေါက်ကွဲမှုကြောင့် ရဲအရာရှိ ၁၃ ဦးထက်မနည်း သေဆုံး

ယီမင်နိုင်ငံတောင်ပိုင်း အေဒင်မြို့က ရဲစခန်းတစ်ခုနားမှာ သြဂုတ်လ ၁ ရက်က ဗုံးထောင်ကားတစီး ပေါက်ကွဲမှုကြောင့် ရဲအရာရှိ ၁၃ ယာက်ထက်မနည်း သေဆုံးခဲ့တယ်လို၌ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ လက်ရှိမှာတော့ အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့ကမျှ တာဝန်ယူ ပြောကြားတာ မရှိသေးပါဘူး။  ဒါပေမယ့်   အယ်လ်ကိုင်းဒါး စစ်သွေးကြွအဖွဲ့ဟာ ယီမင်နိုင်ငံမှာ ကားဗုံးခွဲ တိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။   မနေ့က အေဒင်မြို့မှာ ကျင်းပတဲ့ ဆော်ဒီကျောထောက်နောက်ခံပေးထားတဲ့ ယီမင်အစိုးရအဖွဲ့ရဲ့ စစ်ရေးပြ အခမ်းအနားမှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် လူ အယောက် ၃၀ ကျော်သေဆုံးခဲ့ပါသေးတယ်။   အီရန်ရဲ့ မဟာမိတ် ဟူသီသူပုန်အဖွဲ့က အဲဒီတိုက်ခိုက်မှုဟာ သူတို့ လက်ချက်လို့ ကြေညာခဲ့ပါတယ်။  ဒါပေမယ့် စစ်ရေးပြအခမ်းအနား တိုက်ခိုက်ခံရမှုနဲ့ ရဲစခန်းနားမှာ ကားဗုံးပေါက်ကွဲမှု နှစ်ခုစလုံးရဲ့ နောက်ကွယ်မှာ  အီရန်ရှိနေတယ်လို့ ယီမင်ဝန်ကြီးချုပ် အဘက်ဒူလ်မလီခ်ဆာအီနဲ့ ယီမင်နိုင်ငံဆိုင်ရာ ဆော်ဒီသံအမတ်တို့က စွပ်စွဲခဲ့ကြပါတယ်။
Zawgyi Version ယီမင္တြင္ ကားဗုံးေပါက္ကြဲမႈေၾကာင့္ ရဲအရာရွိ ၁၃ ဦးထက္မနည္း ေသဆုံး DVB ယီမင္ႏိုင္ငံေတာင္ပိုင္း ေအဒင္ၿမိဳ႕က ရဲစခန္းတစ္ခုနားမွာ ၾသဂုတ္လ ၁ ရက္က ဗုံးေထာင္ကားတစီး ေပါက္ကြဲမႈေၾကာင့္ ရဲအရာရွိ ၁၃ ယာက္ထက္မနည္း ေသဆုံးခဲ့တယ္လို၌ ျပည္ထဲေရးဝန္ႀကီးဌာနက ေျပာပါတယ္။ လက္ရွိမွာေတာ့ အဲဒီတိုက္ခိုက္မႈနဲ႔ ပတ္သက္ၿပီး ဘယ္အဖြဲ႕ကမွ် တာဝန္ယူ ေျပာၾကားတာ မရွိေသးပါဘူး။ ဒါေပမယ့္   အယ္လ္ကိုင္းဒါး စစ္ေသြးႂကြအဖြဲ႕ဟာ ယီမင္ႏိုင္ငံမွာ ကားဗုံးခြဲ တိုက္ခိုက္တာေတြ မၾကာခဏ ျပဳလုပ္ေလ့ရွိပါတယ္။ မေန႔က ေအဒင္ၿမိဳ႕မွာ က်င္းပတဲ့ ေဆာ္ဒီေက်ာေထာက္ေနာက္ခံေပးထားတဲ့ ယီမင္အစိုးရအဖြဲ႕ရဲ႕ စစ္ေရးျပ အခမ္းအနားမွာ ဒ႐ုန္းနဲ႔ တိုက္ခိုက္ခံရတာေၾကာင့္ လူ အေယာက္ ၃၀ ေက်ာ္ေသဆုံးခဲ့ပါေသးတယ္။ အီရန္ရဲ႕ မဟာမိတ္ ဟူသီသူပုန္အဖြဲ႕က အဲဒီတိုက္ခိုက္မႈဟာ သူတို႔ လက္ခ်က္လို႔ ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္ စစ္ေရးျပအခမ္းအနား တိုက္ခိုက္ခံရမႈနဲ႔ ရဲစခန္းနားမွာ ကားဗုံးေပါက္ကြဲမႈ ႏွစ္ခုစလုံးရဲ႕ ေနာက္ကြယ္မွာ  အီရန္ရွိေနတယ္လို႔ ယီမင္ဝန္ႀကီးခ်ဳပ္ အဘက္ဒူလ္မလီခ္ဆာအီနဲ႔ ယီမင္ႏိုင္ငံဆိုင္ရာ ေဆာ္ဒီသံအမတ္တို႔က စြပ္စြဲခဲ့ၾကပါတယ္။
2 years Ago
Up