ကားဗုံးပေါက်ကွဲမှု

A d v e r t i s e m e n t With Us

November 30, 2020

အာဖဂန်နစ္စတန်တွင် ကားဗုံးကြောင့် လူ ၄၀ သေဆုံး၊ ၂၄ ဦး ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ အလယ်ပိုင်း ဂါဇနီပြည်နယ်မှာ နိုဝင်ဘာ ၂၉ ရက်က ကားဗုံး ပေါက်ကွဲလို့ အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင် အယောက် ၄၀ ထက် မနည်း သေဆုံးပြီး ၂၄ ယောက် ဒဏ်ရာရတယ်လို့ အရာရှိတွေကို ကိုးကားပြီး CNN သတင်းမှာ ဖော်ပြပါတယ်။ ပေါက်ကွဲတဲ့နေရာက အာဖဂန် လုံခြုံရေး တပ်ဆွယ်ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရုံး ခြံဝင်းထဲမှာဖြစ်ပြီး သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ အရာရှိတွေက ပြောပါတယ်။  အလောင်း ၃၀ နဲ့ ဒဏ်ရာရသူ ၂၄ ယောက်ကို ဆေးရုံ လာပို့ထားတယ်လို့ ပြည်နယ်ဆေးရုံ ညွှန်ကြားရေးမှူးက ပြောပါတယ်။ ပေါက်ကွဲမှု အရှိန်ကြောင့် ခြံဝင်းပတ်လည်က အရပ်ဘက် လူနေအိမ်တွေလည်း ပျက်စီးတယ်၊ အရပ်သားတွေဘက်က သေဆုံးမှု ပိုနိုင်တယ်လို့ အာဖဂန်လုံခြုံရေးတပ်က ပြောပါတယ်။ ဂါဇနီ ပြည်နယ်မှာ ကားဗုံးပေါက်တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရက အတည်ပြု ပြောဆိုပေမဲ့ ပစ်မှတ်နဲ့ ထိခိုက် သေဆုံးသူ အရေအတွက်ကိုတော့ မပြောခဲ့ပါဘူး။ ဒီတိုက်ခိုက်မှုကို ဘယ်သူလုပ်တယ်ဆိုတဲ့ တာဝန်ခံ ကြေညာချက်လည်း မထွက်သေးပါဘူး။
3 months Ago

August 11, 2019

လစ်ဗျားတွင် ကားဗုံးပေါက်ကွဲမှုကြောင့် ကုလဝန်ထမ်း ၂ ဦး သေဆုံး

လစ်ဗျားနိုင်ငံ အရှေ့ပိုင်း ဘန်ဂါဇီမြို့ထဲမှာ ကားဗုံးတလုံး သြဂုတ် ၁၀ ရက်က ပေါက်ကွဲခဲ့လို့ ကုလသမဂ္ဂဝန်ထမ်း ၂ ယောက် သေဆုံးတယ်လို့ ဆေးဘက် သတင်းရင်းမြစ် အတော်များများနဲ့ လစ်ဗျားအရှေ့ပိုင်း စစ်တပ်က ပြောပါတယ်။  ဘဏ်နဲ့ ကုန်တိုက်တန်း တခုရှေ့မှာ ပေါက်ကွဲခဲ့တာပါ။  လစ်ဗျားမြို့တော် ထရီပိုလီမှာ အပစ်အခတ် ရပ်စဲရေးအတွက် ကုလသမဂ္ဂက ကြားဝင် ဖျန်ဖြေဖို့ ကြိုးစားနေတာပါ။  နိုင်ငံအရှေ့ပိုင်းမှာ တပ်စွဲထားတဲ့ လစ်ဗျားအမျိုးသား စစ်တပ် LNA က ဧပြီလက စပြီး ထရီပိုလီမြို့တော်ကို ထိုးစစ်ဆင်နေပါတယ်။ သေဆုံးသူ ၂ ယောက်ဟာ (UNSMIL) က လုံခြုံရေးအစောင့်တွေလို့ (LNA) စစ်တပ် ပြောခွင့်ရ အာမဒ် မစ်မာရီက သတင်းထောက်တွေကို ပြောပါတယ်။  ကလေးတွေ အပါအဝင် တခြားလူ ၁၀ ယောက်လည်း ပေါက်ကွဲမှုကြောင့် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂအဖွဲ့က သုံးနေတဲ့ ကားတစီးလည်း မီးလောင်ခဲ့ပါတယ်။
Zawgyi Version လစ္ဗ်ားတြင္ ကားဗုံးေပါက္ကြဲမႈေၾကာင့္ ကုလဝန္ထမ္း ၂ ဦး ေသဆုံး DVB လစ္ဗ်ားႏိုင္ငံ အေရွ႕ပိုင္း ဘန္ဂါဇီၿမိဳ႕ထဲမွာ ကားဗုံးတလုံး ၾသဂုတ္ ၁၀ ရက္က ေပါက္ကြဲခဲ့လို႔ ကုလသမဂၢဝန္ထမ္း ၂ ေယာက္ ေသဆုံးတယ္လို႔ ေဆးဘက္ သတင္းရင္းျမစ္ အေတာ္မ်ားမ်ားနဲ႔ လစ္ဗ်ားအေရွ႕ပိုင္း စစ္တပ္က ေျပာပါတယ္။ ဘဏ္နဲ႔ ကုန္တိုက္တန္း တခုေရွ႕မွာ ေပါက္ကြဲခဲ့တာပါ။ လစ္ဗ်ားၿမိဳ႕ေတာ္ ထရီပိုလီမွာ အပစ္အခတ္ ရပ္စဲေရးအတြက္ ကုလသမဂၢက ၾကားဝင္ ဖ်န္ေျဖဖို႔ ႀကိဳးစားေနတာပါ။ ႏိုင္ငံအေရွ႕ပိုင္းမွာ တပ္စြဲထားတဲ့ လစ္ဗ်ားအမ်ိဳးသား စစ္တပ္ LNA က ဧၿပီလက စၿပီး ထရီပိုလီၿမိဳ႕ေတာ္ကို ထိုးစစ္ဆင္ေနပါတယ္။ ေသဆုံးသူ ၂ ေယာက္ဟာ (UNSMIL) က လုံၿခဳံေရးအေစာင့္ေတြလို႔ (LNA) စစ္တပ္ ေျပာခြင့္ရ အာမဒ္ မစ္မာရီက သတင္းေထာက္ေတြကို ေျပာပါတယ္။ ကေလးေတြ အပါအဝင္ တျခားလူ ၁၀ ေယာက္လည္း ေပါက္ကြဲမႈေၾကာင့္ ဒဏ္ရာရတယ္လို႔ ဆိုပါတယ္။ ကုလသမဂၢအဖြဲ႕က သုံးေနတဲ့ ကားတစီးလည္း မီးေလာင္ခဲ့ပါတယ္။
2 years Ago
Up