ကားဗုံးခွဲတိုက်ခိုက်မှု

December 15, 2020

ကဘူးလ်တွင် ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် ဒုမြို့တော်အုပ်ချုပ်ရေးမှူး သေဆုံး

အာဖဂန်နိုင်ငံ မြို့တော် ကဘူးလ်မှာ ဒီဇင်ဘာ ၁၅ ရက်က ဖြစ်ခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုအတွင်း ဒုမြို့တော်အုပ်ချုပ်ရေးမှူး သေဆုံးခဲ့ပြီး လုံခြုံရေးအစောင့် ၂ ဦး ဒဏ်ရာရတယ်လို့ အကြီးတန်းအရာရှိတွေက ပြောပါတယ်။  အမည်မသိ တိုက်ခိုက်ရေးသမားတွေက ဒုမြိုတော်အုပ်ချုပ်ရေးမှူးရဲ့ ကားမှာ ကပ်ခွာဗုံး ထောင်ခဲ့တယ်လို့လည်း အရာရှိတွေက ပြောပါတယ်။ ဗုံးပေါက်ကွဲချိန်က ဒုမြို့တော် အုပ်ချုပ်ရေးမှူး မာဟူးဘာလာမူဟာဘီဟာ လုံခြုံရေး အစောင့်တွေနဲ့အတူ ခရီးသွားနေတာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းလုပ်တယ်ဆိုတာ ချက်ချင်း ပြောကြားတာ မရှိပါဘူး။ ပြီးခဲ့တဲ့သီတင်းပတ်ကလည်း အလုပ်သွားတဲ့ အာဖဂန်အစိုးရရှေ့နေတစ်ဦးဟာ ကဘူးလ်မြို့ အရှေ့ပိုင်းမှာ ပစ်သတ်ခံရတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။ 
4 months Ago
Up