ကားထဲမှ စပါးအုံးမြွေကို အကြောက်အလန့်မရှိ ဖမ်းဆီးခဲ့သည့် ဆယ်ကျော်သက် (ရုပ်သံ)

February 25, 2017

ကားထဲမှ စပါးအုံးမြွေကို အကြောက်အလန့်မရှိ ဖမ်းဆီးခဲ့သည့် ဆယ်ကျော်သက် (ရုပ်သံ)

အကြောက်အလန့်မရှိတဲ့ အသက် ၁၄ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးဟာ သူတို့မိသားစုရဲ့ ပစ်ကပ်ပ်ထရပ်ကားအောက်ကို ဝင်နေတဲ့ ၆ ပေအရှည် စပါးအုံးမြွေတစ်ကောင်ကို ဖမ်းဆီးခဲ့ပါတယ်။ သြစတေးလျနိုင်ငံ ကွင်းစလန်မြို့က အိုလီဝါးဒရုပ်ပ် အသက် ၁၄ နှစ်ဟာ သူတို့ရဲ တိုယိုတာခရူဆာ ထရပ်ကားထဲကို ဝင်နေတဲ့ မြွေကို လက်အိတ်တစ်ဖက်တည်း ဝတ်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ဆွဲထုတ်ဖမ်းဆီးခဲ့တာပါ။ ကားရဲ့အောက်ကို ဝင်နေတဲ့မြွေကို ဖယ်ရှားဖို့ ကြိုးစားစဉ် မြွေက သူ့ရဲ့မျက်နှာနဲ့ ရင်ဘတ်ကို ရစ်ပတ်ဖို့ ကြိုးစားနေတာလည်း ရုပ်သံထဲမှာ မြင်ရမှာပါ။ အိုလီဟာ အခြားလက်အိတ်မဝတ်ဆင်ထားတဲ့ လက်ကိုပါသုံးပြီး မြွေကို ဖမ်းဆီးခဲ့တာပါ။ အဲ့ဒီနောက် မြွေရဲ့ဦးခေါင်းကို လက်အိတ်ဝတ်ထားတဲ့ လက်နဲ့ကိုင်ပြီး “သူ့ခေါင်းကို ရပြီ” ဂုဏ်ယူဝင့်ကြွားစွာ ပြောခဲ့ပါတယ်။ သူမြွေဖမ်းစဉ် အခြားသူရဲ့ဆွေမျိုးတွေက စောင့်ကြည့်နေကြပြီး မြွေကလည်း သူ့ကိုယ်ကို ရစ်ပတ်နေပါတယ်၊ အဲ့ဒီနောက် ဖမ်းမိတဲ့ မြွေကို အိတ်ထဲ ထည့်လိုက်ပါတယ်။ အိုလီရဲ့ဖခင်က မြွေဖမ်းတဲ့ပုံတွေကို သူ့ရဲ့ဖေ့စ်ဘွတ် စာမျက်နှာထက်တင်ပြီး “ဒါကျနော့်သားပေါ့၊ အသက် ၅ နှစ်လောက်ကတည်းက ဒါမျိုး မြွေဖမ်းတတ်တာ၊ ကျောင်းမသွားခင် မနက်ပိုင်းလေးမှာ ဖမ်းလိုက်တာလေ” လို့ ဂုဏ်ယူဝံ့ကြွားစွာ ရေးသားထားပါတယ်။ ဒီရုပ်သံကို အိုလီတို့မိသားစုရဲ့ မိတ်ဆွေတစ်ဦးမှ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာထက်မှာ တင်ပြီးမျှဝေခဲ့လို့ ကြည့်ရှုသူပေါင်း ၈၄,၀၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။ ဒီမြွေအမျိုးအစားတွေဟာ ၁၃ ပေထိ ရှည်တတ်ပြီး လူတွေကို တိုက်ခိုက်တတ်တယ်၊ သြစတြေးလျ၊ နယူးဂီနီအပါအဝင် မြောက်ပိုင်း ဆော်လမွန်ကျွန်းတွေမှာ တွေ့ရတတ်တယ်လို့ သိရပါတယ်။
4 years Ago
Up