ကားတွင်းအလုံပိတ်မိခဲ့သည့် ၃ နှစ်သမီးငယ် အပူဒဏ်နှင့် အသက်ရှူမွန်းသေဆုံး

A d v e r t i s e m e n t With Us

May 13, 2016

ကားတွင်းအလုံပိတ်မိခဲ့သည့် ၃ နှစ်သမီးငယ် အပူဒဏ်နှင့် အသက်ရှူမွန်းသေဆုံး

ထိုင်းနိုင်ငံ၊ ဆမွတ်ပရာခန်ခရိုင်၊ ဘန်ပူအရပ်က အိမ်ရာတခုထဲမှာ မေလ ၁၁ ရက်နေ့က သုံးနှစ်အရွယ် ကလေးငယ်တဦးဟာ ကားထဲမှာ အလုံပိတ်မိနေခဲ့လို့ အပူဒဏ်နဲ့ အသက်ရှူမွန်းကြပ်ပြီး သေဆုံးသွားခဲ့ပါတယ်လို့ ထိုင်းဗီဇာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ သူအပါအ၀င် ကလေးစုစုပေါင်း ၁၃ ဦးဟာ အဲဒီနေ့က အိမ်ရာကနေ ကျောင်းဆီ သွားဖို့ ကျောင်းကြိုပို့ကားပေါ်မှာ ရှိနေခဲ့တာပါ။ အဲဒီအချိန်မှာပဲ အဆိုပါကားတွင်း တပ်ဆင်ထားတဲ့ လေအေးပေးစက်ဟာ အလုပ် မလုပ်တော့တာမို့ တခြားအစားထိုးကားတစီးနဲ့ ပို့ဆောင်ပေးဖို့ ကလေးတွေကို ရွှေ့ ပြောင်းခဲ့ချိန်မှာ အဆိုပါကလေးငယ်ကို သတိမထားမိခဲ့ပဲ ကားနောက်ဘက်ပိုင်းမှာ ပိတ် ကျန်နေခဲ့တာပါ။ အတန်းချိန်ပြီးလို့ ကျောင်းကို သွားကြိုတဲ့အချိန်မှာတော့ ကလေး ၁၂ ယောက် သာတွေ့ခဲ့ချိန်မှာ ကားသမားနဲ့ အကြိုလက်ထောက်တို့က ကလေးရဲ့အိမ်ကို ဖုန်းနဲ့ ဆက်သွယ်ပြီး မိဘတွေက လာကြိုသွားခဲ့သလားဆိုတာကို မေးခဲ့ပါတယ်။ အိမ်က လာမကြိုခဲ့ကြောင်းပြောခဲ့ချိန်မှာ သူတို့ဟာ အရင်ကျောင်းကားရပ်ထားခဲ့တဲ့ အိမ်ရာဆီပြန်သွားကြည့်ခဲ့ချိန်မှာ ကလေးငယ်ရဲ့ အသက်မဲ့ခန္ဓာကိုယ်ကို ကားထဲမှာ တွေ့ခဲ့ကြရတာပါ။ ကလေးငယ်ဟာ ကားတွင်းအပူဒဏ်ကြောင့် ပိတ်မိပြီး အသက်ရှူမွန်းကြပ်ကာ သေဆုံးခဲ့တာဖြစ်ပြီး ကားမောင်းသမားနဲ့ ကြိုပို့အကူဝန်ထမ်းကတော့ ကြိုတင်ကြံရွယ် ထားတာ မဟုတ်ပေမယ့် ကလေးငယ်သေဆုံးခဲ့တဲ့အတွက် အမှုရင်ဆိုင်ရမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up