ကားတိုက်သေဆုံးသွားသည့် ညီအစ်ကိုကို ကိုယ်တိုင်မြေမြှုပ်ပေးသည့် ကြေကွဲဖွယ် ခွေးလေး (ရုပ်သံ)

February 25, 2017

ကားတိုက်သေဆုံးသွားသည့် ညီအစ်ကိုကို ကိုယ်တိုင်မြေမြှုပ်ပေးသည့် ကြေကွဲဖွယ် ခွေးလေး (ရုပ်သံ)

ကားတိုက်သေဆုံးသွားတဲ့ ညီအကိုကို ကိုယ်တိုင်မြှုပ်နှံပေးတဲ့ ခွေးလေးရဲ့ ကြေကွဲဖွယ်ရုပ်သံကို မေရာရဲ့ဖေဖော်ဝါရီလ ၂၄ ရက်သတင်းမှာ ဖော်ပြထားပါတယ်။ ဒီရုပ်သံလေးကို ထိုင်းနိုင်ငံမြောက်ပိုင်း ဘူရီရမ်မှာ ရိုက်ကူးတယ်လို့ ယူဆရပြီး ခွေးလေးက သေဆုံးနေတဲ့ သူ့ညီအကိုအလောင်း ထည့်ထားတဲ့ မြေကျင်းထဲ မြေကြီးတွေကို နှာခေါင်းနဲ့ယက်ပြီး ပုံပေးနေတာ ရုပ်သံထဲမှာ တွေ့မြင်ရမှာပါ။ သေဆုံးနေတဲ့ခွေးလေးက လမ်းမဘေးရဲ့ ကျင်းထဲမှာ ကိုယ်တခြမ်း မြေကြီးတွေဖုံးပြီး လှဲလျောင်းနေပါတယ်။ ဖေဖော်ဝါရီလ ၂၂ ရက်က ရိုက်ကူးတဲ့ ရုပ်သံထဲမှာ ကြေကွဲနေတဲ့ ခွေးလေးက သူမပြန်ခင် သေဆုံးနေတဲ့ ခွေးလေးရဲ့ အလောင်းကို ခနတာ နှာခေါင်းနဲ့ အနံ့ခံနမ်းရှုံ့သွားတာကို တွေ့ရမှာပါ။ ဒီရုပ်သံလေးကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့ပြီး ရုပ်သံကြည့်ရတဲ့ လူမှုကွန်ရက်သုံးစွဲသူတွေကို စိတ်လှုပ်ရှားသွားစေပါတယ်။ ဆယ်ကျော်သက်အရွယ် မှတ်ချက်ရေးသူတဦးက “ကျနော့်အသက် ၁၆ နှစ်ပါ ဒီရုပ်သံကို ကြည့်ပြီး ကျနော် အရမ်းငိုချင်တယ် မြေကြီးတွေနဲ့ ဖုံးပေးနေတဲ့ ခွေးလေးအတွက် ကျနော်ဘာမဆို လုပ်ပေးချင်ပါတယ်” လို့ ပြောပါတယ်။ နောက်မှတ်ချက် ရေးသူတွေက “သူတို့က တကယ့်ကို ညီအကိုကောင်းတွေ ဖြစ်ရမယ်” “ဒီခွေးလေးက အလောင်းကို မြေကြီးတွေနဲ့ ဖုံးဖို့ သူ့ရဲ့ခြေသည်းလက်သည်းတွေကို မသုံးဘဲ နှာခေါင်းကိုပဲ အသုံးပြုသွားတယ် ဒါ လေးစားမှုကို ပြတာလား ခွေးတွေက တကယ့်ကို အံ့သြစရာ ကောင်းပါတယ်” လို့ ပြောသွားပါတယ်။
4 years Ago
Up