ပြင်သစ်နိုင်ငံ မြို့တော်ပဲရစ်ရဲ့ ဆင်ခြေဖုံးမှာ ဧပြီ ၂၇ ရက်က မော်တော်ဆိုင်ကယ်စီး ရဲနှစ်ယောက်ကို ကားတစ်စီးက တမင်ဝင်တိုက်တာကြောင့် ရဲတယောက် ဒဏ်ရာပြင်းထန်ပြီး သတိမေ့မြောသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ရဲနှစ်ယောက်ဟာ မော်တော်ဆိုင်ကယ်ကို ရပ်ပြီး ပုံမှန်စစ်ဆေးမှုတွေလုပ်နေချိန်မှာ အနက်ရောင် BMW ကားတစီးက ဝင်တိုက်ခဲ့တာပါ။ ဒီလို တိုက်မိတာကြောင့် နောက်ရဲတယောက်ကိုလည်း ဆေးရုံပို့လိုက်ရပါတယ်။
တမင်တကာ ကားနဲ့တိုက်တာလို့ ရဲတပ်ဖွဲ့က ပြောဆိုလိုက်ပြီး အခင်းဖြစ်တဲ့နေရာမှာ အသက် ၃၀ အရွယ် ကားသမားကို ဖမ်းဆီးလိုက်ပါတယ်။ ကားသမားဟာ ပြီးခဲ့တဲ့သီတင်းပတ်က မငြိမ်သက်မှုဖြစ်ခဲ့တဲ့ အလုပ်သမားလူတန်းစားရပ်ကွက်မှာ နေထိုင်ခဲ့သူဖြစ်တယ်လို့ ရဲက ပြောပါတယ်။
ကားမောင်းသမားဟာ ပါလက်စတိုင်းဒေသက ဖြစ်ရပ်တွေကို လက်စားချေဖို့ ရဲတပ်ဖွဲ့ဝင်တွေကိုပစ်မှတ်ထားခဲ့တယ်လို့လည်း စုံစမ်းရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တခုက ပြောပါတယ်။
စုံစမ်းရေးကို အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ဘက်ကို လွှဲပေးမလားဆိုတာ ဆုံးဖြတ်ဖို့ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေနဲ့ ရှာဖွေရေးတွေ လုပ်နေတယ်လို့လည်း ရိုက်တာမှာ ဖော်ပြပါတယ်။
10 months Ago